NEWS

ထိုင်းနိုင်ငံမှာ ၂၄ ရက်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ငါးသောင်းကျော် ဖမ်းဆီးမိဟုဆို

CoverLogo
474 Views

ထိုင်း နိုင်ငံ အတွင်းမှာ တရားမဝင် လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ကို ရက်ပေါင်း ၁၂၀ စီမံချက်နဲ့ ထိုင်းအာဏာပိုင်တွေ က စစ်ဆေးဖမ်းဆီးမှုတွေ လုပ်ဆောင်ရာ မှာ၂၄ ရက်အတွင်း တရားမဝင် မြန်မာ အလုပ်သမား ငါးသောင်းကျော် ဖမ်းမိတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ယင်းစီမံချက် ကို ၂၀၂၄ ခုနှစ်  ဇူလိုင် လ ၅ရက်နေ့မှ စတင်ခဲ့ပြီး ၂၈ ရက်ထိ ၂၄ ရက်အတွင်းမြန်မာအပါအဝင်  ဖမ်းဆီးရမိသူ နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားစုစုပေါင်း ရှစ်သောင်းနီးပါးရှိတယ်လို့ သိရပါတယ်။

ဌာနဆိုင်ရာအဖွဲ့များဝင်ရောက် ရှာဖွေဖမ်းဆီးခဲ့သည့်နေရာ တွေ မှာ ဘန်ကောက်မြို့ ဟွေ့ခွာဈေး..ဖာစီကျလိန်တွင်ဈေးဆိုင်များ၊ ဘန်ခယ်မြို့နယ်ရှိ စက်ရုံများ နဲ့ ရတ်ချ်ဘူရီနယ်မြေတွင် အုန်းသီးစက်ရုံ ၊ ဥဒွန်ထာနီတွင် စားသောက်ဆိုင်များနဲ့ ချတ်ချင်စောင်တွင် ဆောက်လုပ်ရေးအပါဝင် နေရာပေါင်း ၂၀၃ ခုတို့မှ တရားမဝင်
ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၇၈,၄၉၈ ဦးဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

ထို့သို့ ဖမ်းဆီးရမိတဲ့  နိုင်ငံအလိုက်အလုပ်သမားများ  မြန်မာ အလုပ်သမား ၅၈,၈၆၈ ဦး ၊ ကမ္ဘောဒီးယားအလုပ်သမား ၁၁,၉၁၃ဦး ၊ လာအိုအလုပ်သမား၅,၅၇၁ဦး ၊ ဗီယက်နမ်အလုပ်သမား၂၂ ဦး နှင့် အခြားနိုင်ငံသားအလုပ်သမား၂,၄၂၄ဦးဖြစ်ကြတယ်လို့ သိရပါတယ်။

အဆိုပါ ဖမ်းဆီးရမိတဲ့ အလုပ်သမားတွေထဲ မှ မြန်မာအလုပ်သမား ၃၅၂ ဦး၊ လာအိုအလုပ်သမား ၇၅ ဦး ၊
ကမ္ဘောဒီးယားအလုပ်သမား ၅၃ ဦး ၊ဗီယက်နမ်အလုပ်သမား ၅ဦး၊ အခြားနိုင်ငံ ၄၉ ဦးတို့ကို အရေးယူဆောင်ရွက်ပြီးသွားပြီဖြစ်ကြောင်းသိရပါတယ်။

အထောက်အထားမဲ့ အလုပ်လုပ်ကိုင်ခွင့် ဝေါ့ပါမက်မရှိတဲ့ အလုပ်သမားနှင့် လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အမျိုးအစားကို လုပ်ကိုင်သည့်အလုပ်သမားတွေကို တွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ ထိအလုပ်သမားမှ ဒဏ်ငွေ
ပေးဆောင်ရမှာဖြစ်ပြီးနေရပ်သို့ပြန်ပို့ခံရခြင်းနှင့်အတူ အလုပ်လုပ်ကိုင်ခွင့် (၂)နှစ်ပိတ်ခံရမှာ ဖြစ်တယ်လို့သိရပါတယ်။

အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့  အလုပ်သမားကိုလက်ခံတဲ့ အလုပ်ရှင်ကို တွေ့ရှိပါက အလုပ်သမားတဦးလျှင် ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ထိ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပြီး ထပ်မံကျူးလွန်မှု တွေ့ရှိပါက ထောင်ဒဏ်အများဆုံး 
၁ နှစ် နှင့် ဘတ်ငွေ ၅၀,၀၀၀ မှ ၂၀၀,၀၀၀ ထိ ပေးဆောင်ရမှာ ဖြစ်သလို ရွှေ့ပြောင်း အလုပ်သမားငှားရမ်းခွင့် ၃ နှစ် ပိတ်ခံရမည်ဖြစ်ကြောင်းကို အလုပ်သမားဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်က သတိပေး ပြောသွားတယ်"လို့ အလုပ်သမားဦးစီးဌာန ဖေ့ဘုတ်စာမျက်နှာ မှာ ဖော်ပြခဲ့တယ်လို့ သိရပါတယ်။


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026