NEWS

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာအလုပ်သမား ၁၂၀ ကျော်ကို မြန်မာဘက်သို့ ပြန်ပို့

CoverLogo
517 Views

ထိုင်းနိုင်ငံမှာ အကြောင်း အမျိုးမျိုးနဲ့ ဖမ်းဆီးခံခဲ့ရပြီး ပြစ်ဒဏ်ကျခဲ့ပြီး ဖြစ်တဲ့ မြန်မာအလုပ်သမား ၁၂၇ဦး ကို စက်တင်ဘာ၂၆ရက် နေ့လည်ပိုင်းကမြန်မာပြည်ဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ထိုင်းနိုင်ငံလူဝင်မှု့ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာန ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

၎င်းအလုပ်သမားတွေဟာ  ထိုင်းနိုင်ငံတောင်ပိုင်းက အချုပ်တွေမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ အတွက်  ထိုင်းအာဏာပိုင်တွေက ရနောင်းမြို့ကနေတစ်ဆင့်ကော့သောင်းဘက်ကိုပြန်လည်ပို့ဆောင်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

"" အချုပ်အနှောင်က လွတ်တာတော့ပျော်စရာ ဆိုပေမယ့် ကိုယ့်နေရပ် ကို ချောချောမွေ့မွေ့ပြန်ရောက် ပါစေ လို့ပဲဆုတောင်းပေးနေရတယ် ရှေ့မှာလည်း ဒီဘက်က ပြန်ပို့လိုက်တဲ့ မြန်မာအလုပ်သမားတွေထဲ က​နေအမျိုးသားအသက်လတ်ပိုင်းတွေ စစ်မှုထမ်းဖို့ ခေါ်ခံရတာ တွေရှိတော့ထိုင်းက ဖမ်းတာထက် မိခင်နိုင်ငံပြန်ပို့မှာကို  ထိုင်းရောက်မြန်မာအလုပ်သမားတွေစိတ်ထဲမှာပို စိုးရိမ်နေကြတယ်""လို့ကော့သောင်းရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။ 

ထိုင်းနိုင်ငံအတွင်းမှာလည်း အထောက်အထားမဲ့ နိုင်ငံခြားသားရွှေ့ပြောင်း အလုပ်သမားတွေကို ရက်ပေါင်း ၁၂၀ စီမံချက်နဲ့ ဖမ်းဆီးလျက်ရှိရာမှာ လက်ရှိ ရက် ၁၀၀ ကျော် အတွင်း မှာ မြန်မာအလုပ်သား၂သိန်းနီးပါးအဖမ်းခံရတယ်လို့သိရပါတယ်။


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026