NEWS

ထိုင်းနိုင်ငံမှာဆေးရုံတက်နေတဲ့မြန်မာအလုပ်သမားတစ်ဦးကို  ထိုင်းရဲကပစ်သတ်မှုဖြစ်ပွား

CoverLogo
418 Views

ထိုင်းနိုင်ငံတွင် ဆေးရုံတက်ပြီး ဆေးကုသမှုခံယူနေတဲ့မြန်မာအလုပ်သမားတစ်ဦးကို  ထိုင်းရဲတပ်ကြပ်ကြီးဆိုသူက လူနာမေးဟန်ဆောင်ကာ သေနတ်ဖြင့်၀င်ရောက်ပစ်သတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

"၀င်ပြီးပစ်သတ်တဲ့သူက  ထိုင်းရဲတပ်ကြပ်ကြီးတဲ့။ အဖမ်းခံတယ်။ စိတ်ကျရောဂါဖြစ်နေတယ်တဲ့။ သတင်းတွေအရပေါ့။ အခြားအကြောင်းအရာတွေလည်းရှိနိုင်ပါတယ်"လို့  ထိုင်းရောက်မြန်မာအလုပ်သမားရေးကူညီဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။  

အဆိုပါပစ်ခတ်မှုဖြစ်စဉ်မှာ  ထိုင်းနိုင်ငံအရှေ့မြောက် ပိုင်း မွမ်ခရိုင်၊ ခွန်ကန်ဒေသရှိ ပြည်သူ့ဆေးရုံတွင် ဇွန် ၇ ရက် နံနက်အစောပိုင်းက ဖြစ်ပွား ခဲ့ခြင်းဖြစ်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက်သတင်းတွေအရ သိရပါတယ်။ 

ပစ်သတ်ခံရမှုကြောင့်  သေဆုံးသူမှာ အသက် ၂၉ နှစ်အရွယ်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သူ  ကျော်စိုးအောင်ဆိုသူဖြစ်ပြီး ၎င်းက ဆေးရုံရဲ့ငါးထပ်ရှိအမျိုးသား ခွဲစိတ်လူနာဆောင်မှာ  ကျောကုန်းနောက်ကျောရှိ  အကြိတ်ဖုတစ်ခုကိုခွဲစိတ်ကုသရန်  တက်ရောက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

ပစ်ခံရသူအလုပ်သမားကျော်စိုးအောင်ဟာ  ရန်ညှိုးဖွဲ့ရန်စမရှိဘဲ  လုပ်ဖော်ကိုင်ဖက်တစ်ဦးထံသို့ ATM ငွေထုတ်ကတ်စပေါ်ပေးထားကာ  ဘတ်ငွေ ၁၂၀၀၀ ချေးယူထားတဲ့ဖြစ်စဉ်သာရှိပြီး ၎င်းခွဲစိတ်ကုသရန် ရက်ချိန်းရထားတဲ့နေ့မှာပင် ပစ်သတ်ခံရခြင်းဖြစ်တယ်လို့ သေဆုံးသူမြန်မာအလုပ်သမားရဲ့ချစ်သူဖြစ်တဲ့ အမျိုးသမီးက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားတယ်လို့လည်း သိရပါတယ်။ 

မြန်မာအလုပ်သမားကို ပစ်သတ်တဲ့ပြစ်မှုကျူးလွန်သူသေနတ်သမားဟာ  ရဲတပ်ကြပ်အရာရှိသူဖြစ်ပြီး ဇွန် ၆ ရက် ညသန်းခေါင်အချိန်(ဇွန်၇ရက်နံနက်အစောပိုင်း)  ဆေးရုံသို့ ရောက်ရှိလာပြီး ကျော်စိုးအောင် တက်ရောက်နေသည့်အခန်းကို သူနာပြုများထံ မေးမြန်းခဲ့ကာ  ခွဲစိတ်လူနာဆောင်ဆီ တက်လာကာ  အိပ်ပျော်နေတဲ့ကျော်စိုးအောင်ရဲ့ ဦးခေါင်း နောက်စေ့ကို သေနတ်ဖြင့် တစ်ချက်တည်း ပစ်ခတ်ထွက်ပြေးခဲ့တာဖြစ်ပြီး ဇွန် ၇ ရက်နေ့ခင်းမှာတော့ကျူးလွန်သူကို ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။


Related posts

Cover
ဖူးခက် လ၀က အချုပ်ခန်းတွင် မြန်မာအမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး
Aug 22, 2025
Cover
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးလိုပါက ကိုယ်ရေးအချက်အလက် အပြည့်စုံ ဖေါ်ပြပြီး မြန်မာသံရုံး ကိုပေးပို့ တောင်းဆိုနိုင်ဟုဆို
Aug 22, 2025
Cover
ပြည်ပရောက်အလုပ်သမားရဲ့ မိသားစုထံလွှဲပို့ငွေအတွက် အေဂျင်စီတွေကို နေပြည်တော်ခေါ်ယူစိစစ်မည်
Aug 21, 2025
Cover
အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၅၀ ကျော် အဖမ်းခံရ
Aug 21, 2025
Cover
အလုပ်ပြောင်း၊ သူဌေးပြောင်း မည့် လုပ်သားများ အလုပ်ပြောင်းစာ ဘိုင်ကျန့်အော် ထုတ်စရာမလိုတော့ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်
Aug 21, 2025
Cover
အထောက်ထားမပြည့်စုံတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ဘတ်အသစ်ရိုက်ပေးပြီး အလုပ်လုပ်ခွင့်ပြု
Aug 20, 2025
Cover
ရွှေ့ပြောင်းလုပ်သားတွေ ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့ စစ်ကော်မရှင်ကြိုးပမ်းနေ
Aug 20, 2025
Cover
ငလျင်ကြောင့် အဆောက်ဦးပြိုကျမှုမှ သေဆုံးတဲ့ မြန်မာလုပ်သား ၈ ဦးအတွက် နစ်နာကြေး ဘတ် ၈ သန်းပေး
Aug 20, 2025