NEWS

ထိုင်းနိုင်ငံနယ်စပ်ကို ယာယီသွားရောက်လုပ်ကိုင်လိုသူများ မှတ်ပုံတင် တစ်ခုတည်းသာလိုအပ်

CoverLogo
973 Views

မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံမဲဆောက်မြို့သို့ Border Passဖြင့်သွားရောက်လိုသူများအနေဖြင့် ဖြေလျှော့မှုတွေပြုလုပ်ထားလို့ နိုင်ငံသားမှတ်ပုံတင်တစ်ခုတည်းသာ လိုအပ်တယ်လို့ သိရပါတယ်။  

 

“အရင်ကတော့ Border Passနဲ့သွားမယ်ဆိုရင် မှတ်ပုံတင်တစ်ခုပဲလိုတယ်။ အရင်လိုကိုဗစ်ကာကွယ်ဆေး သုံးကြိမ်ထိုးထားတဲ့ ကျန်းမာရေးစာရွက်စာတမ်းအထောက်အထားတွေမလိုတော့ဘူး။ နိုင်ငံသားမှတ်ပုံတင်ပါရင် ၀င်လို့ရတယ်။ ”လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။   

 

ယခင်က မြဝတီမြို့ မြဝတီ-မဲဆောက်ချစ်ကြည်ရေးအမှတ် (၁) တံတားမှ တဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ယာယီနယ်စပ်ဖြတ်သန်း ခွင့်လက်မှတ်(Border Pass)နဲ့ သွားရောက်ရာတွင် နိုင်ငံသားမှတ်ပုံတင်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၃ ကြိမ်ထိုးထားသည့် လက်မှတ်ပါရှိမှသာ သွားရောက်ခွင့်ပြုခဲ့ခြင်းဖြစ်ပေမဲ့ ယခုလဇူလိုင်၁ရက်နေ့ကနေစလို့ နိုင်ငံသားမှတ်ပုံတင်တစ်ခုတည်းဖြင့် ၀င်ရောက်ခွင့်ပြုခဲ့တာလို့ သိရပါတယ်။ 

 

ယာယီနယ်စပ်ဖြတ်သန်းခွင့်စာအုပ်ဖြင့် ၀င်ရောက်ကြသူတွေဟာ ထိုင်းနိုင်ငံဘက်အခြမ်းရှိ မဲဆောက်မြို့ နယ်၊ မယ်လမတ်မြို့နယ်နှင့် ဖိုးဖမြို့နယ်အပါအဝင် ၃ မြို့နယ်အတွင်း ၇ ရက် သွားလာလည်ပတ်နေထိုင်ခွင့်ရှိသလို မြန်မာဘက်အခြမ်းကအလုပ်သမားအများစုဟာလည်း မြန်မာနိုင်ငံရဲ့လုပ်အားခနည်းပါးမှုကြောင့် ထိုင်းဘက်အခြမ်းသို့ (Border Pass)ဖြင့် ၀င်ရောက်လုပ်ကိုင်မှုတွေရှိရာ မြန်မာလုပ်ခတစ်နေ့ကျပ်၄၈၀၀ထက် ထိုင်းဘက်အခြမ်းမှာဘတ်၂၀၀ရရှိမှုကြောင့် (Border Pass)ရဲ့သတ်မှတ်ထားတဲ့မြို့နယ်တွေမှာ ၀င်ရောက်လုပ်ကိုင်မှုတွေရှိတယ်လို့ သိရပါတယ်။  

အဲဒီလို၀င်ရောက်လုပ်ကိုင်သူတွေနဲ့လည်ပတ်သူတွေဟာ သတ်မှတ်ထားတဲ့၆ညအိပ်၇ရက်တာအတွင်းမှာ သတ်မှတ်နေရာတွေကိုကျော်လွန်၍ သွားလာခွင့်မပြုထားဘူးလို့လည်း သိရပါတယ်။ 

 

#MyanmarLabourNews


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026