NEWS

ထိုင်းနိုင်ငံတွင်  ကာလတိုသင်တန်း တက်ရောက်နေသည့် ကျောင်းသား/သူများ ကို ဗန်ကောက်နှင့်ချင်းမိုင်ရှိမြန်မာသံရုံများ တွင် PE အမျိုးစား နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း ဆောင်ရွက်မပေးတော့ဘူးလို့ သံရုံးကြေညာ

CoverLogo
423 Views

ထိုင်းနိုင်ငံ တွင် ထိုင်းဘာသာစကားသင်တန်း(ကာလတို)အင်္ဂလိပ်စာသင်တန်း(ကာလတို) စတဲ့ ကာလတို သင်တန်း လာရောက်တက်နေတဲ့ မြန်မာကျောင်းသား/သူတွေရဲ့ PE အမျိုးအစားနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကိုလာမယ့် စက်တင်ဘာလ ၁၆ ရက်ကစပြီး မြန်မာသံရုံးဗန်ကောက်နဲ့မြန်မာကောင်စစ်ဝန်ချုပ်ရုံး ၊ချင်းမိုင်မြို့မှာ ဆောင်ရွက်မပေးတော့ဘူးလို့ မြန်မာသံရုံးဗန်ကောက်မြို့ က စက်တင်ဘာ ၁၂ ရက်မှာ အသိပေးကြေညာထားပါတယ်။

ယခင်က ထိုင်းနိုင်ငံ တက္ကသိုလ် များ မှာ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသား/သူတွေ ကို ၎င်းတို့ရဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံးသည့်အတွက် နိုင်ငံကူးလက်မှတ်passport for Education (PE) လဲလှယ် ခြင်း ကို မြန်မာသံရုံးဗန်ကောက်နဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချင်းမိုင်တို့မှာ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ယခုမှာတော့ ထိုင်းဘာသာစကားသင်တန်း(ကာလတို)(certificate program in Thai Language) ;ဆရာများ အတွက် အင်္ဂလိပ်စာသင်တန်း (ကာလတို)စတဲ့သင်တန်း တွေကို Non-ED Visa ရယူပြီး Virtual format
ပုံစံနဲ့ တတ်ရောက်နေတဲ့ ကျောင်းသား/သူတွေ အလွန်များပြားလာတဲ့ အတွက် စက်တင်ဘာ ၁၆ ရက်ကစပြီး ဗန်ကောက်ရှိမြန်မာသံရုံးနဲ့ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ရုံးတို့မှာ နိုင်ငံကူးလက်မှတ်(PE)သက်တမ်းတိုးခြင်းကို ဆောင်ရွက်မပေးတော့ဘူးလို့ အသိပေးထားပါတယ်။

ထိုင်းနိုင်ငံ ရှိ တက္ကသိုလ် များ မှာ ဘွဲ့ကြို ၊ဘွဲ့လွန် (Undergraduate, Postgraduate)(ကာလရှည်) တတ်ရောက်နေတဲ့ ကျောင်းသား/သူတွေနဲ့ Primary နဲ့ secondary တတ်ရောက် ကျတဲ့ ကျောင်းသား/သူတွေကို PEပတ်စပို့လဲလှယ်ခြင်းကို တော့ ယခင်အတိုင်းဆောင်ရွက်ပေးမယ်လို့ကြေညာထားပါတယ်။


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026