NEWS

ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ  ၄ လစာ မရလို့ အလုပ်ရှင်ကို တိုင်

CoverLogo
543 Views

ထိုင်းနိုင်ငံ ချွန်ပူလီ နောင်ဆမ်စပ် ရှိသောဆောက်လုပ်ရေးတခုတွင် လုပ်ကိုင်နေသောမြန်မာရွှေ့ပြောင်းအလုပ်သမား များ လုပ်ခလစာ လေးလစာ မရရှိတဲ့ အတွက် ဩဂုတ်လ ၂၂ရက် မှာ မြို့နယ်အလုပ်သမားရုံးမှာ အလုပ်ရှင်ကိုတိုင်ကြားထားတယ်လို့ အလုပ်သမားအရေးကူညီပေးနေတဲ့ WAGမဟာမိတ် အဖွဲ့ ထံ က သိရပါတယ်။


Name list (ပန်းရောင်ဘတ်လုပ်ရန်နာမည်စာရင်းရရှိပြီးသူ)ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမား အမျိုးသား ၄ဦးမှာ  ဆောက်လုပ်ရေး လုပ်ငန်း ရှိ အလုပ်ရှင်ထံ မှ လုပ်ခလစာ လေးလစာ မရရှိသေးတဲ့ အတွက် စားဝတ်နေရေးအခက်ခဲ ဖြစ်ပေါ်နေတာကြောင့် WAG မဟာမိတ် အဖွဲ့ ထံ အကူညီတောင်းခံ ခဲ့တယ်လို့သိရပါတယ်။


အလုပ်ရှင်ထံ က အလုပ်သမားတစ်ဦး ကို လုပ်ခလစာ ဘတ် ၃ သောင်းနီးခန့်ရရှိရမှာ ဖြစ်ကာ အလုပ်ရှင်က မပေးတဲ့ အတွက် ဩဂုတ်၂၂ရက် မှာ WAG အဖွဲ့သားများက အလုပ်သမားများနှင့်အတူ ဆဝါဒီကန်ရုံးတွင် သွားရောက်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။


""ဆောက်လုပ်ရေး လုပ်ငန်း အများစုက လုပ်ခလစာ မပေးတဲ့ ပြသာနာတွေ မကြာမကြာ ဖြစ်တယ် တစ်ချို့အလုပ်ရှင်တွေက  အထောက်အထားမပြည့်စုံတဲ့ လုပ်သား ဆိုရင် လစာ အပြည့်ဝမပေးဘဲ ခေါင်းပုံ ဖြတ်ကြတာ အခုလို အလုပ်သမားအဖွဲ့စည်းတွေကနေ တစ်ဆင့် တိုင်တန်းပြီး တောင်းမှ ပေးကြတာ အခု ထိုင်းနိုင်ငံထဲမှာ တရားမဝင်မြန်မာအလုပ်သမားတွေ များလာတော့ လုပ်ခလစာ မပေးဘဲ အလုပ်ရှင်က ခေါင်းပုံဖြတ် အမြတ်ထုတ်တာတွေ ပိုပိုများလာတယ်""လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။


မကြာခင်က လည်း ထိုင်းနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လုပ်ခလစာ၂လ မပေးတဲ့ အတွက် မြန်မာရွှေ့ပြောင်း အလုပ်သမား ၇၀၀ က ဆန္ဒပြတောင်းဆိုခဲ့ရပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြားဝင်ဖြေရှင်းပေးခဲ့ရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026