NEWS

ထိုင်းနိုင်ငံကို အထောက်အထားမဲ့ ဝင်ရောက်ရန် ကြိုးပမ်းစဥ် လှေတိမ်းမှောက်၊ ၃ ဦး အလောင်းတွေ့ဟုဆို

CoverLogo
125 Views
 
ထိုင်းနိုင်ငံ၊ ကန်ချနပူရီပြည်နယ်၊ ဆန်ခလာဘူရီခရိုင် အတွင်း သို့ ရေလမ်းကြောင်းကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သား တွေကို တင်ဆောင်လာတဲ့ လှေဟာ တိမ်းမှောက်ပြီးနောက် မြန်မာလုပ်သား ၃ဦးရဲ့ ရုပ်အလောင်းတွေ့ရှိရတယ်လို့ ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။
 
စက်တင်ဘာ ၉ ရက်နေ့ က လောင်ကွန်း (ခေါ်) ကန်ချနပူရီ ရေလှောင်ကန် မှာ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား ၂၂ဦးကို သယ်ဆောင်လာတဲ့ လှေနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး နောက် စက်တင်ဘာ ၁၂ မှာ ပုတ်ပွနေတဲ့ မြန်မာလုပ်သား ၃ဦးရဲ့ ရုပ်အလောင်းကိုဒေသခံတွေက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
 
ဖြစ်စဉ်နဲ့ပက်သက်ပြီး စုံစမ်းရေးအရာရှိတွေရဲ့ ကနဦးစစ်ဆေး ချက်အရ စက်တင်ဘာ ၉ ရက် ည ၈နာရီခွဲ ၃၀ ခန့် မှာ မြန်မာလုပ်သား ၂၂ဦးကို သယ်ဆောင်တဲ့ လှေတစင်းဟာ ရေအောက်ရှိ သစ်ငုတ်တို နဲ့ တိုက်မိပြီး တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။
 
လှေမှောက်ချိန်မှာ လှေပေါ်ရှိ မြန်မာ အလုပ်သမားတွေ ရေထဲသို့ ပြုတ်ကျသွားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
 
ရေထဲသို့ ပြုတ်ကျသူအရေအတွက်အတိအကျ နဲ့ ပတ်သက်တာကိုတော့ စုံစမ်းစစ်ဆေးမှု ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
လက်ရှိမှာသေဆုံး သူ မြန်မာလုပ်သား အမျိုးသား ၂ဦးနဲ့အမျိုးသမီး၁ဦးရဲ့ ရုပ်အလောင်း ကို ရင်ခွဲစစ်ဆေးမှုတွေ လုပ်ဆောင်ရန် ဆန်ခလာဘူရီဆေးရုံကို ပို့ဆောင်ထားကာ ယခု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆန်ခလာဘူရီရဲစခန်းမှ အရာရှိများက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
 
Ref-Kanchanaburi News
 

Related posts

Cover
အဖမ်းခံရသူတွေကို ပြန်လွှတ်ပေးမယ်ဆိုပြီး လိမ်လည်ငွေတောင်းတာတွေ မယုံကြည်ဖို့ မလေးရှား လ၀က သတိပေး(ရုပ်သံ သတင်း)
Oct 06, 2025
Cover
အထောက်အထားမရှိသူများအတွက် ဘတ်စာရင်းတင်သွင်းခြင်း အောက်တိုဘာ ၁၅ ရက်စတင်နိုင်ပြီ ဟုထိုင်းအလုပ်သမားဝန်ကြီးဌာန ကြေညာ
Oct 06, 2025
Cover
အထောက်အထားမရှိလို့ အဖမ်းခံရသူတွေကို ပြန်လွှတ်ပေးမယ်ဆိုပြီး လိမ်လည်ငွေတောင်းတာတွေ မယုံကြည်ဖို့ မလေးရှား လ၀က သတိပေး
Oct 06, 2025
Cover
လုပ်ငန်းခွင်မတော်တဆမှုကြောင့် လက်ပြတ်သွားသည့် မြန်မာအလုပ်သမားအား အလုပ်ရှင်မှတာဝန်ယူမှုမရှိသဖြင့် တိုင်ကြား
Oct 05, 2025
Cover
မြန်မာလုပ်သား ၃၂၀ ဦး အလုပ်ဝင်ပြီး လေးလ ခန့် တွင် အကြောင်းမဲ့အလုပ်ထုတ်ခံရ
Oct 04, 2025
Cover
၃ ရက်အတွင်း အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆၀ ကျော်အဖမ်းခံရ
Oct 04, 2025
Cover
၃ ရက်အတွင်း အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆၀ ကျော်အဖမ်းခံရ (ရုပ်သံသတင်း)
Oct 04, 2025
Cover
ပြည်တွင်းရှိ လူငယ် ၄ သန်းနီးပါး အလုပ်လက်မဲ့ဖြစ်နေဟု UNDP ထုတ်ပြန် (ရုပ်သံသတင်း)
Oct 04, 2025