NEWS

ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်တဲ့ မြန်မာအလုပ်သမား ဖမ်းဆီးခံရမှုဆက်တိုက်ဖြစ်​လာ

CoverLogo
437 Views

ထိုင်းနိုင်ငံ ထဲ ကို နယ်စပ်များကတစ်ဆင့် တရားမဝင် ဝင်ရောက်လာတဲ့ အတွက် မြန်မာအလုပ်သမားတွေ ဖမ်းဆီး ခံရမှုဆက်တိုက်ဖြစ်နေတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။

ဇွန်လ ၂၇ရက် က ဘန့်မောကေ့ထိုင်နယ်မြေမှာ ထိုင်းအာဏာပိုင်တွေ ကင်းလှည့်စဉ် တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာအလုပ်သမား၁၂ဦး တွေ့ရှိတဲ့ အတွက် ဥပဒေအတိုင်းအရေးယူဖို့ ဖုပ်ထရာ့ရဲစခန်း မှာ ပို့ဆောင်ခံထားရတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။

ဒါ့အပြင်  ထိုင်း-မြန်မာ နယ်စပ် ကန်ချနဘူရီ ခရိုင် စန်ခရာဘူရီ ဒေသရှိတောထဲ တနေရာမှာ ပွဲစားလာခေါ်ရန် စောင့်ဆိုင်းနေတဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာအလုပ်သမား၂၅ဦး ကို ထိုင်းအာဏာပိုင်တွေက ဖမ်းမိခဲ့တယ်လို့သိရပါတယ်။

"အခုရက်ပိုင်း နေ့စဉ်လိုလို ကို တရားမဝင် လာတဲ့ မြန်မာနိုင်ငံသား တွေ ဖမ်းမိတဲ့သတင်း တွေ့နေရတယ် ပြည်တွင်း ထဲ မှာကလည်း စစ်ပွဲတွေနဲ့ စစ်မှုထမ်းဥပဒေကြောက်လို့ ဒီဘက်ထဲ ကို ဝင်လာကြတာ ဒီဘက်ရောက်တော့ တခါဖမ်းခံရမိ နဲ့ ကျွန်တော်တို့ နိုင်ငံသားတွေလည်း အတော်ဒုက္ခများလှပါတယ်။ ကံကောင်းတဲ့သူတွေက လွတ်သွားပြီး သွားလိုတဲ့နေရာ ရောက်ရင်တောင် တရားမဝင်အလုပ်သမား ဘဝ က အလုပ်ရှာဖို့ခက် တယ် ဒီကြားထဲ အလုပ်ရှာပေးမယ်ဆိုပြီး လိမ်တဲ့ ပွဲစားနဲ့တိုးရင် ငွေထပ်ကုန်အုံးမယ် အဲ့တော့ မြန်မာအချင်းချင်းကူညီရိုင်းပင်းတဲ့စိတ်လေးတွေ လူတိုင်းထားပြီးကူညီကြပါပဲပြောလိုတော့တယ်" လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၈ရက်က လည်း တာခ်ခရိုင် ဝမ်ကျောက် မြို့နယ် ချင်ထောကျေးရွာ အုပ်စု ရှိ နေအိမ်တစ်အိမ်ရဲ့ ကားထားတဲ့နေရာ မှာ ကားစောင့်နေတဲ့ မြန်မာအလုပ်သမားတွေကို  တာဝန်ရှိသူတွေက တွေ့ရှိသွားတဲ့ အတွက် မြန်မာအလုပ်သမားတွေ ထွက်ပြေးဖို့ ကြိုးစား​ပေမဲ့  မလွတ်မြောက်တဲ့ အတွက် မြန်မာအလုပ်သမား၂၈ဦးနဲ့အတူ အိမ်ရှင်ကိုဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်။


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026