NEWS

ထိုင်းနိုင်ငံကို ကယ်ရီပွဲစားနှင့် ချိတ်ဆက်ပြီး သွားရောက်တဲ့ အလုပ်သမား ၂၀၀ ကျော်ပိတ်မိပြီး အခက်အခဲဖြစ်နေ

CoverLogo
993 Views

ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်ဖို့ ဆိုကာ ပွဲစားတွေခေါ် လာတဲ့ လူဦး​ရေ ၂၀၀ ​ကျော်ဟာ ရနောင်းမှာ ၂ လကျော်ကြာ ပိတ်မိ​နေပြီး ယနေ့အချိန်ထိ လိုရာခရီးကို မ​ရောက်​သေးဘဲ  ဒုက္ခ​ရောက်​နေတယ်လို့  သိရပါတယ်။

ကော့သောင်းမှ ရနောင်းထိ သွားရောက်ကာ   အလုပ် လုပ်ကိုင် ဖို့ ပွဲစားတွေက တဦးကို မြန်မာငွေ ကျပ် အနည်းဆုံး ၁၅သိန်းကနေ ကျပ်သိန်း ၂၀ထိ လက်ငင်းရယူပီ ခေါ်ခဲ့တာပါ။

အဆိုပါ ပွဲစားတွေက အလုပ်အကိုင်အတွက်  တရားဝင်ခေါ်တာဟုဆိုကာ သင်တန်း ၂ရက်ခန့် တက်ရပြီး  အတိ ဒုက္ခရောက်နေတဲ့  ရွေ့ပြောင်း အလုပ်သမားတဦးက AAC ကို တိုက်ရိုက် အကြောင်း ကြားထားတယ်လို့ ဆိုပါတယ်။

AACက လတ်တလော တိုင်းကြားလာတဲ့ ရွေးပြောင်းအလုပ်သမားကို ပွဲစားတွေက တစုံတရာပြုလုပ်ရန် မကြိုး စားဖို့အပြင် အချိန် ရက်တပါတ်အတွင်း လက်ငင်းရယူထားတဲ့ တန်းဖိုးနဲ့ တာဝန်ခိုင်းယူစေထားတယ်လို့ သိရပါတယ်။

" သူတို့တွေ လုပ်စားနေတာကို ကျွန်တော် ဘာမှမပြာလိုဘူး ဒါပေမယ့် ငွေကိုတော့ လက်ငင်းရယူထားပြီး  ယူ ထားတဲ့အတိုင်း တာဝန်ခံရမယ် တာဝန်ယူရမယ် ပွဲစားတွေနေတဲ့ လိပ်စာကိုလည်း ကျွန်တော်ရထားပီပြီးပြီ"လို့ ယင်းအလုပ်သမားတွေကို အကူအညီပေးနေတဲ့ ကိုရဲမင်း (AAC) ကပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်ကိုပို့တဲ့ ကယ်ရီပွဲစားတွေက ကရင်ပြည်နယ်အတွင်းမှာ ရှိနေပြီး လိုရာခရီးကို အရောက်မပို့ဘဲ လမ်းခုလပ် မှာထားခဲ့တာမျိုးတွေလည်းရှိတယ်လို့ ရွှေ့ပြောင်းလုပ်သားတွေက ဆိုပါတယ်။

" သူတို့ကို ပေးရတာ မြန်မာငွေ မဟုတ်ဘူး ထိုင်းဘက်ငွေ တသောင်းခွဲကနေ နှစ်သောင်းအထိ ပေးရတယ်  တချို့တွေက ဘန်ကောက်ရောက်မှ ပေးရတာ ရှိတယ် လက်ငင်းပေးရတာတွေ ရှိတယ် ကျွန်တော်တို့ကို လိုက်ပို့တဲ့ ပွဲစားတွေရဲ့ ကယ်ရီက ရှေ့မှာ စစ်နေတာ တွေ့တော့ ခိုင်းဆင်းပြီး သူက ပြန်သွားတယ် ကျွန်တော်တို့က ထိုင်းမှာ နေဖူးတာဆိုတော့ ပုံစံပြောင်းပီ သွားခဲ့ရတာ ကံကောင်း လို့ ဖမ်းမခံရတာ"။ လို့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ဆိုပါတယ်။

ဒါအပြင် ပြီးခဲ့ ၂၀၂၂ခုနှစ် မတ်လအတွင်းက ထိုင်းနိုင်ငံအတွင်း နေရပ်ပြန်လိုသူနဲ့ တရားမဝင် ဝင်ရောက်ဖမ်းဆီး ပြန်ပို့ ခံရသူ စုစုပေါင်း ၂သိန်းတသောင်း ခုနှစ်ထောင် ရှိတဲ့အထဲက ဖမ်းဆီး ပြန်ပို့ခံရသူက ၆၀၀၀ ကျော်  ရှိတယ်လို့ သိရပါတယ်။

MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026