NEWS

ထိုင်းတွင် CI စာအုပ်အသစ်များကို လာမည့် ၁၇ ရက်မှစပြီး ပြုလုပ်ပေးမည်

CoverLogo
468 Views
 
ထိုင်းနိုင်ငံမှာ Work Permit နဲ့ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေ တရားဝင် ဆက်နေနိုင်ဖို့အတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CI စာအုပ်အသစ် ထုတ်ပေးခြင်းကို ဖေဖေါ်ဝါရီ ၁၇ ရက်မှ စတင်ပြီး စခန်း၅ခု ဖြင့် ဖွင့်လှစ် ပြုလုပ်ပေးမယ် လို့ ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးက ဖေဖေါ်ဝါရီ ၁၂ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
 
CI စာအုပ် ထုတ်ပေးရေးစခန်းတွေကို စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီ စတဲ့ မြို့ (၅) မြို့မှာ ဖွင့်လှစ်ပြီး လုပ်ငန်းစဉ်တွေကိုဖေဖေါ်ဝါရီ ၁၇ ရက်က စတင် ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
 
CI စာအုပ် ပြုလုပ်ချင်တဲ့ သူတွေ အနေနဲ့ နီးစပ်ရာ 7-Eleven စတိုးဆိုင်တွေမှာ စာအုပ်ဖိုး ၂,၆၇၀ ဘတ် ကို အရင်ပေးသွင်းပြီး မိမိ လုပ်ဆောင်မယ့် CI စခန်း နဲ့ ရက်စွဲကို တစ်ခါတည်း ရွေးချယ်နိုင်ပြီး သတ်မှတ်ရက်မှာ စခန်းကို သွားရောက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
CI စခန်း ကို သွားရောက်တဲ့ အခါ မှာ ကြိုတင်ရက်ချိန်းယူထားတဲ့စာရွက်နဲ့ အလုပ်လုပ်ခွင့် လက်မှတ်(Work permit) စာရွက် တွေကို ယူဆောင်ပြီးသွားရမှာ ဖြစ်သလို စခန်းတွေကိုတော့ အပတ်စဉ် တနင်္လာနေ့တိုင်း နဲ့ သံရုံးရုံးပိတ်ရက်တွေမှာ ပိတ်ထားမှာဖြစ်တာကြောင့် သွားမယ့်ရက်ကို သေချာကြည့်ပြီးမှ ချိန်းဆိုကြဖို့ အသိပေးထားပါတယ်။
 
ဒါ့အပြင် CI စာအုပ် လျှောက်ထားတာမှာ ၂,၆၇၀ ဘတ် ပဲ ကျသင့်မှာဖြစ်လို့ ပွဲစားတွေနဲ့ ပိုက်ဆံပိုမကုန်အောင် ဂရုစိုက်ကြဖို့ သတိပေးထားပါတယ်။
 
CIစာအုပ် ဆိုတာဟာ နိုင်ငံကူးလက်မှတ်မရှိတဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေ အတွက် ခရီးသွားလာ နိုင်တဲ့ လက်မှတ်အဖြစ် ထုတ်ပေးတာ ဖြစ် ပြီး CIစာအုပ်ရှိမှသာ အလုပ်လုပ်ခွင့်ဗီဇာ (Non LA)ကိုထည့်သွင်း၍ ထိုင်းနိုင်ငံအတွင်းတရားဝင် ခရီးသွားလာခွင့်ရရှိမှာဖြစ်ကာ စာအုပ်သက်တမ်းဟာ ၄နှစ် ရှိတယ်လို့သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026