NEWS

ထိုင်းတွင် အလုပ် လုပ်ရန် ပွဲစားခ ဘတ် ၁၅၀၀၀ ပေးပြီးလာရသည့် မြန်မာလုပ်သား ၁၆ ဦး အဖမ်းခံရ

CoverLogo
308 Views
 
ထိုင်းနိုင်ငံ ချွန်ဘူရီ ပြည်နယ်မှာ အလုပ် လုပ်ကိုင်ရန် အတွက် ပွဲစားခ ဘတ်၁၅၀၀၀ ပေးဆောင် ကာ တရားမဝင် နယ်စပ် ဖြတ်ကျော် လာတဲ့ မြန်မာလုပ်သား ၁၆ဦးကို ထိုင်းနယ်စပ်လုံခြုံရေး တပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
 
မြန်မာလုပ်သား ၁၆ဦးဟာ ကရင် ပြည်နယ် လှိုင်းဘွဲ့ မြို့နယ်ကနေ တစ်ဆင့် ထိုင်းနိုင်ငံကို ဝင်ရောက် လာရာ ဒီဇင်ဘာ၂၄ရက် ည ပိုင်း တွင် တာ့ခ်ခရိုင် သာဆောင်ယန်မြို့ မယ်ဖလူး ကျေးရွာအနီးမှာ ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့ က စစ်ဆေး တွေ့ရှိတဲ့ အတွက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
 
အမျိုးသား၄ဦးနဲ့ အမျိုးသမီး ၁၂ဦး တို့ဟာ မြန်မာပြည်တွင်း အလုပ်အကိုင် အဆင်မပြေတဲ့ အတွက် ထိုင်းနိုင်ငံ အတွင်း(အလုပ်လုပ်ခွင့် အထောက်အထား )ဘတ်အသစ် ပြုလုပ်ပေးချိန် ဖြစ်တာကြောင့် ပွဲစားဆိုသူကို တစ်ဦး လျှင် ဘတ်၁၅၀၀၀ ပေးပြီး လာခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
 
အဖမ်းခံရသူတွေကို အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်း ပြီး နောက် သာဆောင်ယန် ရဲစခန်း သို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
 
ထိုင်းနိုင်ငံအတွင်း အထောက်အထားမရှိတဲ့ နိုင်ငံခြားသား လုပ်သားတွေကို ဒီဇင်ဘာ ၁၂ရက်မှ ၂၆ ရက်အထိ အထောက်အထား လုပ်ဆောင်ပေးချိန် တွင် ပြည်တွင်းမှ အလုပ်အကိုင်နဲ့နေထိုင်ရန် အဆင် မပြေသူတွေ နည်းလမ်းအမျိုးမျိုးနဲ့ဝင်ရောက်လာတာ များသလို အဖမ်းခံတာတွေလည်း ဆက်တိုက် ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026