NEWS

ထိုင်းတွင် မြန်မာအလုပ်သမားအချင်းချင်းသတ်ကာ  လက်ဝတ်ရတနာ များယူဆောင်မှု ဖြစ်ပွား

CoverLogo
282 Views

ထိုင်းနိုင်ငံ၊ အုန်းနွဲ့အုန်းယိုင်မှာ မြန်မာအလုပ်သမား အချင်းချင်းသတ်ကာ  လက်ဝတ်ရတနာပစ္စည်းတွေ လုယက် ယူဆောင်သွားခဲ့မှု အောက်တိုဘာ ၂၅ရက် ည၁၀နာရီ ခွဲ လောက်က  ဖြစ်ပွားခဲ့တယ်လို့ထိုင်းနိုင်ငံအခြေစိုက် WAG အလုပ်သမားမဟာမိတ်အဖွဲ့ ထံ က သိရပါတယ်။ 

ထိုင်းနိုင်ငံ၊ အုန်းနွဲ့အုန်းယိုင်၊ စိုင်-၅၊ အမှတ်(၄၂)မှာ နေထိုင်ပြီး ဘောပင်ထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မသီရိမွန်(၃၀)နှစ်ကို အမည်၊ အသက်အရွယ်စုံစမ်းဆဲ မြန်မာအမျိုးသားလုပ်သားက သူမ နေထိုင်ရာအခန်းအတွင်းမှာတင် သတ်ဖြတ်ပြီး မသီရိမွန်ပိုင်ဆိုင်တဲ့ လက်ဝတ်ရတနာပစ္စည်းတွေကို ယူဆောင်ကာထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

WAG အလုပ်သမားမဟာမိတ် အဖွဲ့ထံကိုတော့ အောက်တိုဘာ ၂၇ ရက် နေ့လယ် ၂ နာရီမှာ လာရောက်အကူအညီတောင်းခံခဲ့တာလို့ သိရပါတယ်။ 

လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် WAG အဖွဲ့က ထိုင်းနိုင်ငံတာဝန်ရှိတွေနဲ့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။ 

 


Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026