NEWS

ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ MOU လုပ်သား၂၇ဦး   လုပ်ခမရတဲ့ အပြင် အလုပ်ကရပ်နားခံရ

CoverLogo
524 Views

ထိုင်းနိုင်ငံ၊ စမွတ်စခွန်၊မဟာချိုင်မြိုဝပ်ခွတ်ခန်ရှိ လမ်းတံတားဆောက်လုပ်ရေးလုပ်ငန်း တစ်ခု မှာ လုပ်ကိုင်နေသော မြန်မာ (MOU) အလုပ်သမား (၂၇)ဦး မှာ လုပ်ခမရတဲ့ အပြင် အလုပ်က ရပ်နားခံရတယ်လို ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲထံက သိရပါတယ်။ 

၎င်း အလုပ်သမား ၂၇ဦးဟာ မြန်မာနိုင်ငံမှ မြင့်မြတ်တံခွန် ကုမ္ပဏီ(Myint Myat Takhan Co.,ltd )နှင့်ချိတ်ဆက်၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို၊စူကိုဝစ်တွင်ရှိတဲ့  ဆောက်လုပ်ရေး တစ်ခုတွင် အလုပ်လုပ်ရန် (၂)နှစ်စာချုပ်ဖြင့် လာ​ရောက်တာလိုဆိုပါတယ်။ 

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ တွင်  BBR ဆောက်လုပ်ရေးလုပ်ငန်း ရဲ့ သူဌေးမှ  ယခုအလုပ်ကို သွင်းပေးခဲ့ပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီ ၂၇ရက်မှ ၂၀၂၄ခုနှစ် နိူဝင်ဘာ ၂ရက်အထိ အလုပ်လုပ်လာတဲ့ သက်တမ်းတလျှောက် လုပ်အားခ ပုံမှန်မရရှိတဲ့အပြင် ၎င်းတိုရဲ့ စာရွက်စာတမ်းအထောက်အထား တွေ ကို သိမ်းဆည်းထားခြင်း စတဲ့ အလုပ်သမားအခွင့်ရေးများချိုး‌ဖောက်ခံနေရတယ်လို ဆိုပါတယ်။ 

ယခုလက်ရှိ မှာလည်း လုပ်အားခ ၂လခွဲစာ မရတဲ့ အတွက် ပြောဆိုရာ မှ လဝက်စာသာ ရှင်းပေးပြီး အလုပ် မှ ရပ်နား လိုက်တယ်လို သိရပါတယ်။ 

အခုလို အလုပ်နားခိုင်းပြီး ၎င်းတို၏ စာအုပ်စာတမ်းအထောက်အထားများကိုပြန်မပေးတဲ့ အပြင်  ကျန်ရှိနေသေးတဲ့ လုပ်အားခ(၄) ပတ်စာ (၂လစာ) (၂၇)ဦးအတွက် ထိုင်းဘတ်ငွေ (၇၂၀၀၀၀)ခန့်နှင့် စာရွက်စာတမ်းများပြန်လည်ရရှိဖို  မဟာချိုင်နယ်မြေရှိမြိုနယ်ဆာဝါဒီကန်ရုံး မှာ  ထိုင်းလုပ်ငန်းရှင်ကို တိုင်ကြားထားတယ်လို WAGအလုပ်သမား မဟာမိတ်အဖွဲ ထံ မှ သိရပါတယ်။ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026