NEWS

ထိုင်းဆန္ဒပြပွဲ အနီး မြန်မာလုပ်သား ၇ဦးဖမ်းခံရ

CoverLogo
480 Views
 
ထိုင်းဝန်ကြီးချုပ် ဖယ်ထောင်ထန် ရှင်နာဝပ် ရာထူးကနှုတ်ထွက်ရေး ဆန္ဒပြရာ နေရာအနီး က မြန်မာ လုပ်သား ၇ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်း နေရှင်းသတင်းစာ မှာ ဖော်ပြပါတယ်။
 
ဇွန်လ၂၈ရက် နေ့လယ်ပိုင်းမှာ လုပ်ငန်းကိစ္စနဲ့ သွားလာနေတဲ့ မြန်မာအလုပ်သမား ၇ ဦးနဲ့ ကမ္ဘောဒီးယားအလုပ်သမား ၁ ဦး ဖမ်းဆီးခံရတာလို့ ဖော်ပြချက်အရ သိရပါတယ်။
 
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဒီမိုကရေစီအထိမ်းအမှတ် ကျောက်တိုင်အနီးမှာ ထိုင်းဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်ဖို့ ဆန္ဒပြနေရာအနီးမှာ မောင်းနှင်လာတဲ့ ပစ်ကပ်ကားတစ်စီး အား ထိုင်းရဲတပ်ဖွဲက တားဆီး စစ်ဆေးရာကနေ မြန်မာအလုပ်သမားတွေနဲ့ ကမ္ဘောဒီးယားအလုပ်သမား တို့ကိုမသင်္ကာမှုနဲ့ ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။
 
ဖမ်းဆီးခံရသူတွေကို အလုပ်ကိစ္စနဲ့လာတာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲရဲ့ စစ်မေးမှုကို ဖြေကြားခဲ့ပေမဲ့ လက်ရှိမှာ ဒင်ဒဲန်င်ရဲစခန်းမှာ ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။
 
ဖမ်းဆီးခံ မြန်မာလုပ်သားတွေနဲ့ ကမ္ဘောဒီးယားအလုပ်သမားရဲ့ နေထိုင်ခွင့်ဆိုင်ရာ အထောက်အထားတွေ အပြင် ထိုင်းနိုင်ငံထဲ ဝင်ထွက် သွားလာမှုတွေ၊ ဆန္ဒပြပွဲနဲ့ ပတ်သက်ခြင်းရှိမရှိ စတာတွေ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။
 
ဘန်ကောက်မြို့၊ Victory Monument (ဒီမိုကရေစီ အထိမ်းအမှတ်ကျောက်တိုင်) မှာ ထိုင်းအချုပ်အခြာအာဏာ ကာကွယ်ရေး အဖွဲ့မှ ဦးဆောင်ပြီး ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ် ရာထူးက နှုတ်ထွက်ဖို့ ဇွန်လ ၂၈ ရက်၊ စနေနေ့မှာ ဆန္ဒပြပွဲပြုလုပ်ခဲ့ပြီး လုံခြုံရေး တင်းကျပ်ထားတယ်လိုလည်း သိရပါတယ်။
Photo - The Nation

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026