NEWS

ထိုင်းက မြန်မာ အလုပ်သမား ၄ သောင်းကျော်ခေါ်မယ်လို့ ပြောပေမယ့် စစ်ကောင်စီက အလုပ်ထွက်လုပ်ခွင့်ပေး မပေးမသိရသေး

CoverLogo
328 Views
 
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခ တွေ ကြောင့် နေရပ်ပြန်သွားတဲ့ ကမ္ဘောဒီးယားလုပ်သားတွေနေရာကို အစားထိုး ဖို့ လုပ်ဆောင်ရာမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၄ သောင်းကျော်ကို ခေါ်ယူမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး Mr. Pongkawin ကပြောကြားခဲ့ကြောင်း ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။
 
ထိုင်းနိုင်ငံဘက်က အဲ့ဒီလို ပြောဆိုမှုရှိပေမယ့် မြန်မာနိုင်ငံက စစ်ကောင်စီလက်အောက်ခံအလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်လုပ်ခွင့်တွေ ကန့်သတ်ထားပြီး အလုပ်ခေါ်စာသစ်တင်ပြခွင့် တောင်မရှိသေးဘူးလို့ သိရပါတယ်။
 
"ထိုင်းမှာက လုပ်သား လိုအပ်ချက်မြင့်နေတယ် မြန်မာလုပ်သားခေါ်ဖို့ ထိုင်းဘက်ကအေဂျင်စီ တွေက လှမ်းဆက်သွယ်တာ ရှိပေမယ့် ဒီဘက်က အခြေနေ က ဘာမှ လုပ်မရသေးဘူး စာချုပ်ချုပ်ထားတဲ့သူတွေ တောင် အကုန်မပိုရသေးဘူး လေပြီးတော့ အမျိုးသားအသက် ၁၈ ကနေ ၃၅ နှစ်ကိုလည်း စေလွှတ်ခွင့် မပြုတော့ အဆင်မပြေနိုင်ဘူး""လို့ လိုင်စင်ရအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
ထိုင်းဘက်က မြန်မာလုပ်သားခေါ်ယူဖို့ အခုလို သတင်း တွေ ထွက်လာပေမယ့် မြန်မာနိုင်ငံ အတွင်း မှာတော့ စစ်ကောင်စီမှ လိုင်စင်ရ အေဂျင်စီတွေကို( Demand letter )အလုပ်ခေါ်စာအသစ် တင်ပြထားတာတွေကို ခွင့်ပြုခြင်းမရှိသေးဘဲ ၂၀၂၅ခုနှစ် ဇန်နဝါရီ လ အထိ EC စာချုပ်ဆိုထားတဲ့ လုပ်သားတွေ အများအပြားရှိနေပြီး ယနေအချိန်ထိ ထိုင်းကိုသွားရောက်လုပ်ကိုင်ခွင့်မရသေးဘူးလို့ သိရပါတယ်။
 
ထိုင်း အနေနဲ့ လုပ်သား လိုအပ်ချက်ဖြည့်ဆည်းဖို့ မြန်မာ ရွှေ့ပြောင်း လုပ်သားအရေအတွက် ၄၂၀၀၀ နဲ့ သီရိလင်္ကာ မှ လုပ်သားအရေအတွက် ၁၀၀၀၀ ကို နှစ်လ အတွင်းခေါ်ယူဖို့ စီစဉ်မယ်လို့ ဆိုပါတယ်။လာမယ့် သြဂုတ် ၁၉ ရက် အင်္ဂါနေ့က စပြီးခေါ်ယူမှာ ဖြစ်ကာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ နီပေါစတဲ့ နိုင်ငံတွေမှ နောက်ထပ်အလုပ် သမား တစ်သိန်းခန့်ကို ဆက်လက် ခေါ်ယူနိုင် ဖို ရွှေ့ပြောင်းအလုပ်သမား မူဝါဒ ကော်မတီ (ALEM) ကိုလည်း ထူထောင်မယ်လို့​ အလုပ်သမားဝန်ကြီးကဆိုပါတယ်။
 
လက်ရှိမှာ အလုပ်သမားရှားပါးမှု ပြသာနာကို ဖြေရှင်း နိုင်ဖို့ အတွက် ထိုင်းနိုင်ငံကို​ တရားမဝင်ပြန်လည်ဝင်ရောက်လာတဲ့ ကမ္ဘောဒီးယား အလုပ်သမား တွေနဲ့ မပြန်နိုင်သေးဘဲ အထောက်အထားရှိ ကမ္ဘောဒီးယားလုပ်သား တွေ နေထိုင်အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးနေပါကလည်း ခြောက်လသက်တမ်းတိုး နေထိုင် အလုပ်လုပ်ခွင့်ပေးထားကြောင်း မကြာသေးခင်ကြေညာချက်ထုတ်ပြန်ထားပါတယ်။
 
ထိုင်းငါးဖမ်းလုပ်ငန်းမှာလည်း ကမ္ဘောဒီးယား လုပ်သားတွေ နေရပ်ပြန်သွားတာကြောင့်​ လုပ်သားလိုအပ်ချက် မြင့်တက်နေတဲ့ အတွက် အလုပ်သမားကာကွယ်ရေးဥပဒေပုဒ်မ ၁၄ အရ မြန်မာလုပ်သား ခေါ်ယူမှုကို အရှိန်မြှင့်ဆောင်ရွက်ပေးရန် အလုပ်သမားဝန်ကြီးဌာနကို ထိုင်းငါးလုပ်ငန်းအဖွဲ့ဥက္ကဌ က တောင်းဆိုသွားမယ်လို ထိုင်းသတင်းတွေအရသိရပါတယ်။
Ref-Thai PBS

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026