NEWS

ထိုင်းက တဆင့်ခံ ဆောက်လုပ်ရေးလုပ်ငန်းတွေကို သတိထားဖို့ မြန်မာအလုပ်သမားများအား အကြံပြု

CoverLogo
987 Views
 
ထိုင်းနိုင်ငံက တဆင့်ခံ ဆောက်လုပ်ရေး (ဖိုးလက်မောင်း) လုပ်ငန်းတွေကို သတိထားဖို့ မြန်မာအလုပ်သမား တွေကို အလုပ်သမားရေးဆောင်ရွက်သူတွေက အသိပေးထား ပါတယ်။
 
“ ဆောက်လုပ် ရေးလုပ်ငန်းထဲမှာမှ တစ်ဆင့်ခံလုပ်နေတဲ့ ဆောက်လုပ်ရေး ဖိုးလက်မောင်းတွေကို မြန်မာ MoU လုပ်သားတွေ၊ စီအိုင်သမားတွေ၊ ပန်းရောင်ကဒ်သမားတွေ သတိထား စေချင်တယ်။ MoU သမားတွေ နောက် ဆောက်လုပ်ရေးကို ပြောင်းမယ်ဆိုရင် အဲ့ သူဌေးဆီက ကျန်းကို ရအောင် တောင်းပါ။ ဒီသူဌေးဆီမှာ သူ့ရဲ့ အလုပ်သမား မှန်ကန်တယ်ဆိုတာ ကျန်းခေါက်ပါ ။ ကျန်းခေါက် ပြီးပြီဆိုရင် တဆင့် ကန်ထရိုက်ယူထားတဲ့ ဖိုးလက်မောင်းတွေမှာ မလုပ်ကြပါနဲ့။ ကောင်းတာရှိသလို မကောင်းတာလည်း ရှိပါတယ်။ ရွှေ့ပြောင်း အလုပ်သမားတွေ လုပ်အားခ မရတာတွေက အဲ့ဒီ တဆင့်ခံ ဖိုးလက်မောင်းတွေက မပေးတာ။ တိုင်ရ ပြီဆိုရင် ကိုယ်က ကျန်းမခေါက်ထားဘူးဆိုရင် ငါတို့ အလုပ်သမားမဟုတ်ဘူး၊ မင်းတို့တိုင်ချင်ရာတိုင်ဆိုပြီး ပြောတယ်။ အဲ့တာ သူတို့ လက်သုံးစကားပဲ”လို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ကူညီ ဆောင်ရွက် ပေးနေသူ တဦးက ပြောပါတယ်။
 
ထိုင်းနိုင်ငံအတွင်းက လက်ရှိ ဆောက်လုပ်ရေး ဖိုးလက်မောင်းတွေဟာ အလုပ်သမားတွေအပေါ် လုပ်အားခ ရှင်းမပေးတာတွေ ဖြစ်ပွားနေပြီး တလကနေလေးလစာ လုပ်အားခ မရတာတွေရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ၀င်ရောက် လုပ်ကိုင်ပါက အသေအချာ မေးမြန်းပြီး သူဌေးတိုက်ရိုက် အလုပ်မှာပဲ လုပ်ကိုင်ဖို့ ၊ သူဌေးတိုက်ရိုက်မဟုတ်ပါက ကျန်းခေါက်ပြီးမှသာ လုပ်ကိုင်ဖို့ အကြံပြုထားတာ ဖြစ်ပါတယ်။
 
“ ဘယ်လို ရမယ်ဆိုပြီး ပွဲစားတွေ ကခေါ်တယ်။ ပြီးရင် လခတွေ မရကြဘူး။ တလ နှစ်လ သုံးလ မရကြဘူး။ ဖိုးလက်မောင်း အတော်များများက လုပ်အားခတွေ မပေးလို့ ကြလို့ ပြောရတာပါ။ ရှမ်း(ထိုင်း) ဖိုးလက်မောင်း ကနေမှ တဆင့် ယူထားတဲ့ ဗမာ ဖိုးလက်မောင်းတွေက ပိုဆိုးနေပါတယ်။ ဗမာ အချင်းချင်းကို လုပ်အားခတွေ ခေါင်းပုံဖြတ်တာ။ ထိုင်းကတော့ ပေးလိုက်တယ်။ ဗမာဖိုးလက်မောင်းကတော့ ဟိုကမပေးသေးတာ ဆိုတာမျိုး တွေ လုပ်တာ။ သေချာမေးပါ။ သူဌေးနဲ့ တိုက်ရိုက်လုပ်ရမလား၊ တိုက်ရိုက်ကျန်းခေါက်ရမှာလား။ တဆင့်ခံ ဖိုးလက်မောင်းနဲ့ဆိုရင်တော့ လှည့်ပြန်တော့ ။ ပွဲစားစကားလည်း နားမထောင်နဲ့တော့ ။ ပွဲစားကတော့ ကောင်းတယ်ပဲပြောမှာ အဲ့တော့ရှောင်ပါ” လို့ ပြောပါတယ်။
 
လုပ်အားခတွေကို ထိုင်းတာ၀န်ရှိသူတွေဆီ တိုင်ကြားပြီးမှသာ ပြန်လည်ရရှိတာဖြစ်လို့ အလုပ်သမားတွေအနေနဲ့ ကြားကာလ နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေပြီး လက်ရှိ ထိုင်းအခြေစိုက် အလုပ်သမား အဖွဲ့အစည်းတွေဆီ အကူညီတောင်းခံမှုတွေ ဆက်တိုက်ရှိနေတယ်လို့ သိရပါတယ်။
 
Photo (ဘန်ကောက်ပိုစ့်) - ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေး လုပ်ငန်းခွင် တခု

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026