NEWS

ထိုင်းကို MoU Zero Cost စနစ်နဲ့ မြန်မာလုပ်သား ၅၀၀ ကျော်စေလွှတ်ရန်ရှိနေ

CoverLogo
1.4K Views

ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူစာချုပ် MoU Zero Cost (အခမဲ့စနစ်)နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့် မြန်မာလုပ်သားများကို စေလွှတ်လျှက်ရှိရာ   မြန်မာလုပ်သား၅၀ကျော်ကို ထပ်မံစေလွှတ်ဖို့ရှိတယ်လို့ ထိုင်းသို့  နှစ်နိုင်ငံသဘောတူစာချုပ် MoU Zero Cost (အခမဲ့စနစ်)နဲ့ပို့ဆောင်ပေးနေတဲ့ အေဂျင်စီက သိရပါတယ်။

"အန်တီတို့က MoU Zero Cost (အခမဲ့စနစ်)နဲ့ လေးရာလောက်ပို့ပီးသွားပြီ။ နောက်ထပ် ထိုင်းအထည်ချုပ်က ၁၅၀ ဆက်လက်ပို့ဆောင်ဖို့ စာချုပ်ချုပ်ပြီး အင်တာဗျူးပြီးတာနဲ့ ပို့ဖို့စာချုပ်စောင့်နေပါတယ်။နောက်ထပ်အီလက်ထရောနစ်စက်ရုံက လေးရာလောက်ကတော့ ၀က်ပါမစ်လျှောက်ဆဲပါ"လို့ နှစ်နိုင်ငံသဘောတူစာချုပ် MoU Zero Cost (အခမဲ့စနစ်)နဲ့ပို့ဆောင်နေတဲ့ အေဂျင်စီက Myanmar Labour News သို့ပြောပါတယ်။  

ထိုင်းနိုင်ငံ ကန်ချနာဘူရီက အီလက်ထရောနစ်စက်ရုံတွေမှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာလုပ်သား အမျိုးသား အမျိုးသမီးစုစုပေါင်း လေးရာကိုမြ၀တီမဲဆောက်သို့ တစ်ကြိမ်တည်းပို့ဆောင်ပေးကာ သက်ဆိုင်ရာတာ၀န်ရှိသူတွေနဲ့ ထိုင်းလုပ်ငန်းရှင်တွေ အေဂျင်စီတွေနဲ့ တရား၀င်လွှဲပြောင်းပို့ဆောင်ပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါအလုပ်သမားတွေဟာ ထိုင်းစက်ရုံတွေမှာ တစ်ရက်ကို လုပ်အားခ ၃၂ဝ ဘတ်နဲ့ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရမှာ ဖြစ်ပြီး ထိုင်းနိုင်ငံမှာရှိတဲ့  အထည်ချုပ်စက်ရုံတွေ အီလက်ထရောနစ်စက်ရုံတွေနဲ့ အခြားသောစက်ရုံတွေမှာ တရား၀င်လုပ်ကိုင်ဖို့ MOU Zero Cost စနစ်နဲ့ပို့ဆောင်ပေးနေတာကြောင့်  ထိုင်းသို့သွားရောက်လုပ်ကိုင်လိုသူများနေနဲ့လည်း တရားမ၀င်သွားရောက်လုပ်ကိုင်ခြင်းတွေကို  မပြုလုပ်သင့်ဘူးလို့လည်းဆိုပါတယ်။

"ထိုင်းကိုသွားအလုပ်လုပ်မယ်ဆိုရင် အတတ်နိုင်ဆုံး အလုပ်ရှာဖွေPageတွေကို သိရှိစေချင်ပါတယ်။  ဒီကိုယ့်နိုင်ငံကိုယ့်လူမျိုးတွေအတွက်ပါပဲ။ အလုပ်သမားတွေရဲ့အမှန်တကယ်ခက်ခဲနေမှုတွေအပေါ် ကူညီဆောင်ရွက်ဖို့ပါပဲ။ အဓိကက ပွဲစားတွေရဲ့ ခေါင်းပုံဖြတ်မှုတွေ မြေပြင်အခြေအနေမှာပေါ့  ပက်စပို့လုပ်ဖို့က နယ်မှာရှိတဲ့ အလုပ်သမားတွေက အွန်လိုင်းစနစ်နဲ့လုပ်ဖို့ ခက်ခဲအများကြီးရှိတယ်။  အဲဒီအခက်အခဲပေါ်မှာ ပွဲစားတွေက ခေါင်းပုံဖြတ်မှုတွေ အများကြီးရှိနေတာပါ"လို့ ဆိုပါတယ်။

MoUနဲ့ပို့တဲ့ ပို့ဆောင်နေတဲ့အပေါ်မှာလည်း ပက်စပို့ကြန့်ကြာမှုအခက်အခဲတွေရှိနေပြီး  လက်ရှ်ိထပ်မံပို့ဆောင်ပေးမဲ့ အီလက်ထရောနစ်လုပ်သားလေးရာနဲ့ အထည်ချုပ်အလုပ်သမား ၁၅၀ အတွက်ကိုလည်း  ပြင်ဆင်ကာWork ပါမစ်စောင့်နေခြင်းဖြစ်တယ်လို့သိရပါတယ်။

MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026