NEWS

ထိုင်းကို MOU နဲ့  သွားတဲ့အလုပ်သမားတွေထံ ပွဲစားဆိုသူ ဘတ် ၇၅၀၀ ထပ်တောင်းပြီးလိမ်လည်

CoverLogo
459 Views

ထိုင်းနိုင်ငံ ရှိ သီးနှံထုပ်ပိုးစက်ရုံ ကို MOU ဖြင့် တရားဝင် အလုပ်လုပ်ရန် အတွက် မြန်မာနိုင်ငံမှ စာချုပ်ချုပ်ပြီး လာရောက်ပေမယ့် အလုပ်မရတဲ့ အပြင် အေဂျင်စီ မှ လွှတ်ထားတဲ့ ပွဲစားက အလုပ်ရှာပေးမယ်ဆိုကာ အလုပ်သမားတစ်ဦး ကို ဘတ် ၇၅၀၀ ထပ်တောင်းပြီး အလုပ်ရှာမပေးဘဲ တိမ်းရှောင်နေတယ်လို့ ၎င်းအလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။ 

 

ထိုင်းနိုင်ငံလော့ဘူရီ(lopburi)မြို့ ရှိ သီးနှံထုပ်ပိုး စက်ရုံ ဆိုကာ မြောက်ဒဂုံပင်လုံအလုပ်သမားရုံးမှာ စာချုပ် ချုပ်ခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင် လ ၂၉ရက် နေ့က ထိုင်းနိုင်ငံ ကိုရောက်ရှိခဲ့ ပြီး လက်ရှိ အချိန်ထိ အလုပ်မရရှိသေးဘဲ မိမိစားရိတ် မိမိစားကာနေထိုင်နေရတဲ့ အတွက် အလုပ်သမားတွေမှာ အခက်ခဲ တွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

 

""ကျွန်မတို့ လေယာဉ် တတ်ခါနီး နှစ်ရက်အလို မှ အခု စာချုပ် က R စာချုပ် ဆိုပြီး ပြောတယ် သူတို့ ပြောတဲ့  R ချုပ် ဘာညာ ကျွန်မတို့သိတာ မဟုတ်ဘူး တရားဝင် MOU နဲ့ သွားချင်လို့ တရားဝင် လမ်းကြောင်းကနေ အလုပ်သမားဝန်ကြီးဌာန သတ်မှတ်တဲ့ အတိုင်း စာချုပ်ချုပ် ပြီး အခုသစ်သီးထုပ်ပိုးစက်ရုံ ကို ရောက်ဖို့ပဲရည်ရွယ်ခဲ့တာ စာချုပ်ချုပ်တော့ တစ်ဦးကိုကျပ် သိန်း၄၀ စမတ်ကြေးမပြည့်လို့ဆိုပြီး ဘတ်၂၀၀နဲ့ငွေကျပ် ငါးသောင်း ထပ်ပေးရတယ် လေယာဉ်လက်မှတ်ဖိုးလဲ ၇သိန်းကျပ်ထပ်ပေးရတယ် ထိုင်းဘက်ကိုရောက်တော့ အလုပ်လဲ မရဘူး အေဂျင်စီ ကို ပြောတော့ လဲ ဟိုနေ့ဒီနေ့ နဲ့ နှစ်လ ကျော်ပြီ ကျွန်မတို့ဘာသာ အိမ်ငှားနေရတယ် ကိုယ့်ပိုက်ဆံ ကိုယ်ဝယ်စားရတယ် ကျွန်မတို့ စာချုပ်ချုပ်ပြီးလာတာ ၄၇ယောက် ဒီဘက်ရောက်တော့ အလုပ်ကမရ အခက်ခဲတွေ ဖြစ်ပြီး အချို့က သူတို့အဆင်ပြေမယ့် နေရာတွေ ပြောင်းသွားကျတယ် ၊ကျွန်မတို့က အဆက်သွယ်လည်းမရှိတော့ အေဂျင်စီ က လွှတ်ထားတဲ့ ပွဲစားက အလုပ်ရှာပေးမယ် ဘတ် ၇၅၀၀ ပေးရမယ်ဆိုလို့ အိမ်ကနေ မရှိရှိတာ လှမ်းလွှဲခိုင်းပြီး သူ့ကို ပေးလိုက်တာ အခု ဟိုနေ့ရမယ် ဒီနေ့ ရမယ်ဆိုပြီး ရှောင်နေတယ်""လို့ အခက်ခဲဖြစ်နေသူအလုပ်သမားတစ်ဦးကပြောပါတယ်။ 

 

လတ်တလောမှာ နေထိုင်စားသောက်ရေးအခက်ခဲ ဖြစ်နေတဲ့ အတွက်  မြန်မာအလုပ်သမား ၅ဦး မှာ AAC-မဟာမိတ်အဖွဲ့ ထံ အကူညီ တောင်းခံ ကာ ၎င်းဂေဟာမှာ နေထိုင်နေရတယ်လို့ သိရပါတယ်။ 

 

""MOU. နဲ့ တရားဝင် အလုပ်လာလုပ်တာလေ Rချုပ် ဆိုတာ မှ မရှိတာ ဒါကို အလုပ်မပေးတဲ့ အပြင် အေဂျင်စီက လွှတ်ထားတဲ့ ပွဲစားက အလုပ်ရှာပေးမယ်ဆိုပြီး အလုပ်သမားတွေ ဆီက ပိုက်ဆံ တွေ ထပ်တောင်းသွားသေးတယ် အတော်လေး လူမဆန်တဲ့လုပ်ရက်ပါ အေဂျင်စီ ကိုလည်း လာရှင်းပေးဖို့ အသိပေးထားပါတယ်""လို့AAC မဟာမိတ် အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

 

ယခုကဲ့ သို့ MOU ဖြင့် ထိုင်းနိုင်ငံသို့တရားဝင် အလုပ်လုပ်ရန် အတွက် မြန်မာအလုပ်သမားတွေ စာချုပ်ချုပ်ဆိုပြီး လာပေမယ့် ထိုင်းနိုင်ငံ ဘက်ရောက်ရှိချိန်တွင်  အလုပ်မရရှိဘဲ အခက်အခဲ ဖြစ်နေတဲ့ အလုပ်သမားများစွာ ရှိနေတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီသူတွေထံက သိရပါတယ်။ 

 

Application - https://bit.ly/3oNDLga

Website Link - https://www.myanmarlabournews.com

Telegram Link - https://t.me/myanmarlabournews 

 

#MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026