NEWS

ထိုင်းကို အလုံပိတ်ကားဖြင့် ဝင်​ရောက်ရန်ကြိုးပမ်းတဲ့ မြန်မာနိုင်ငံသား ၃ ဦးသေဆုံး ၇ဦး သတိလစ်မှုဖြစ်ပွား

CoverLogo
547 Views
 
ထိုင်းနိုင်ငံ အတွင်း ကို အလုံပိတ်ကားနှစ်စီး နဲ့တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃ဦးသေဆုံးပြီး ၇ဦး သတိလစ်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။
 
မြန်မာနိုင်ငံသား အမျိုးသား၂၁ဦးနဲ့ အမျိုးသမီး ၅ဦး စုစုပေါင်း၂၆ဦး ကိုအောက်တိုဘာ ၁၄ ရက်နေ့မှာ တာ့ခရိုင်မဲဆောက်ခရိုင် လမ်းကြောင်းကနေတစ်ဆင့် ထိုင်းနိုင်ငံကိုတရားမဝင် ဝင်ရောက်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
၎င်းတို့ကို ထိုင်းယာဉ်မောင်းတွေက မလေးရှား နိုင်ငံကို ပို့ဆောင်ဖို့အတွက် ထိုင်းနိုင်ငံစွန်ခလာခရိုင် ကို သွားရောက်စဉ် အောက်တိုဘာ၁၇ရက် မှာ ယာဉ်အတွင်း လိုက်ပါလာသူတွေ အသက်ရှုကြပ်လာတဲ့ အတွက် ကားကို ထုရိုက် ခဲ့တဲ့ အတွက်ယာဉ်မောင်းသူက ကားကိုရပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
 
ယာဉ်မောင်းတွေက ကားထဲ မှာ အသက်ရှုကြပ်ပြီး သတိမေ့မျော နေတဲ့ မြန်မာနိုင်ငံသား ၁၀ ဦး ကို သေဆုံးပြီ ထင်ကာ chumphon ပြည်နယ် lang Suan ခရိုင်ရှိ တောထဲမှာ စွန့်ပစ်ခဲ့ပြီး ကျန်၁၆ဦးကို ခေါ်ယူထွက်ပြေးခဲ့တယ်လို့ သတင်းတွေမှာဖေါ်ပြထားပါတယ်။
 
၎င်းစွန့်ပစ်ခံရတဲ့ မြန်မာနိုင်ငံသား ၁၀ ဦး ကို lang Suan ခရိုင်ရှိဒေသခံ တွေ က တွေ့ရှိ ပြီး ဌာနဆိုင်ရာကို အကြောင်းကြားကာ သေဆုံးလျက်တွေ့ရှိသူ ၁ဦး သတိမေ့မျော့နေသူ၂ဦးနဲ့ ဒဏ်ရာရသူ၇ဦး ကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရာ ဆေးရုံ ရောက်ရှိချိန်တွင် သတိမေ့မျော့နေသူ၂ဦးပါ သေဆုံးခဲ့တဲ့ အတွက် စုစုပေါင်း ၃ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ယခုကဲ့သို့ မြန်မာနိုင်ငံသား အလောင်းတွေ့ရှိမှု နဲ့ ပက်သက်ပြီး CCTV မှတ်တမ်းတွေအရ ထိုင်းရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးခဲ့ရာ အောက်တိုဘာ၁၈ရက်မှာ ဖက်ချ်ဘူရီခရိုင်မှာ ကားသမားနှစ်ဦးနဲ့ကားနှစ်စီးကို ဖမ်းမိခဲ့ပြီး လူကုန်ကူးမှုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026