NEWS

ထိုင်းကနာမည်ကြီးပင်လယ်စာစက်ရုံမှာ အလုပ်လုပ်ရမယ်ဆိုကာ မြန်မာလုပ်သားများလိမ်လည်ခံရမှု ထိုင်းအစိုးရဖြေရှင်းမည်

CoverLogo
1.2K Views

ထိုင်းနိုင်ငံ၊ မဟာချိုင်မှာ ထိုင်းနာမည်ကြီးပင်လယ်စာစက်ရုံမှာ လုပ်ကိုင်ရမယ်ဆိုပြီး  မြန်မာရွှေ့ပြောင်း အလုပ်သမား ငါးထောင်ဝန်းကျင် လိမ်လည်ခံရမှုကို  ထိုင်းအစိုးရ ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းပေးဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

“ ဒီကနေ့အောင်မြင်မှုရရှိတယ်ဒီလိုအထက်အရာရှိတွေသိအောင် တကယ်အလုပ်သမားတွေရဲ့ အခက်အခဲတွေတင်ပြရတဲ့အခါရင်းနှီးရတဲ့အရင်းကမသေးဘူး။အများအတွက်တော့ပေးဆပ်နိုင်မှအလုပ်သမားရေးကိစ္စတွေပြဿနာတွေ အခက်အခဲတွေအနိုင်ကျင့်ခံရတာတွေ လျှော့ကျလာမှာဖြစ်လို့စွန့်စားပြီးကူညီပေးလိုက်ရတာပါ။  ဘယ်လိုဘဲဖိအားတွေရှိနေပါစေ ထိုင်းအစိုးကဘက်ကထိထိရောက်ရောက်ဖြေရှင်းပေးတဲ့အတွက် ထိုင်းနိုင်ငံကအစိုးရဝန်ထမ်းများကိုတစ်ဦးတစ်ယောက်ချင်းကိုအထူးကျေးဇူးတင်တယ်” လို့ အဆိုပါအလုပ်သမားများကို ကူညီဆောင်ရွက်ပေးနေတဲ့ အလုပ်သမားရေးဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။

လွန်ခဲ့တဲ့၆လကျော်က ထိုင်းနဲ့ မြန်မာ ပွဲစားတွေက မဟာချိုင်မှာ နာမည်ကြီးပင်လယ်စာစက်ရုံကြီးတစ်ခုမှာ အလုပ်ဝင်ခွင့်ရမယ်ဆိုပြီး မြန်မာအလုပ်သမားတွေကို လိမ်လည်ငွေတောင်းခံခဲ့တာကြောင့်  အလုပ်သမားတွေက  ပွဲစားတွေကို ငွေပေးထားပြီး အလုပ်ဝင်ခွင့်ရဖို့ စောင့်ဆိုင်းရတာ အချိန်ကြာလာတာနဲ့အမျှ စားဝတ်နေရေး ကြပ်တည်းလာကြတာကြောင့်  ကူညီဖြေရှင်ပေးဖို့ ထိုင်းနိုင်ငံအလုပ်သမား ကူညီစောင့်ရှောက်ရေး ရုံးရှေ့မှာ ဒီဇင်ဘာလ ၉ ရက်ကတောင်းဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  

“ကျွန်မတို့ဆိုရင် ၁၂၀၀၀ ပေးထားရတာ။ ၇လကြာပါပြီ။ ခုလာတာကသုံးပုံတစ်ပုံလောက်ပဲရှိပါတယ်။ နောက်ထပ်အများကြီးအများကြီးကျန်ပါသေးတယ်”လို့  အလုပ်သမားတစ်ဦးကဆိုပါတယ်။

အဆိုပါအလုပ်သမားတွေဟာ ငါးထောင်ကျော်အထိရှိပြီး  ၎င်းတို့ရဲ့တောင်းဆိုမှုကို ထိုင်းအာဏာပိုင်တွေက သတိထားမိခဲ့ပြီး  အဲ့ဒီနေ့မှာပဲ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားရေး လှုပ်ရှားသူတွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

“ ဒီအလုပ်သမားတွေက  လက်ဗွေနှိပ်ထားပြီး Name List ကျထားပြီးသားလူတွေကိုပဲခေါ်လာတာပါ။ Name List မကျသေးတာတွေအများကြီးရှိပါသေးတယ်။ အလုပ်သမားတွေက အနည်းဆုံး ၄၅၀၀ ကနေတစ်သောင်းကျော်ထိပေးထားတယ်။ တစ်ချို့က၆လကျော်ကြာနေပြီတစ်ချို့ ကတစ်နှစ်ကျော်ထိကြာ နေပြီ” လို့ ကူညီဆောင်ရွက်သူကဆိုပါတယ်။

အဲ့ဒီလိုတွေ့ဆုံဖြေရှင်းမှုတွေကြောင့်  လက်ရှိမှာတော့ ပင်လယ်စာ စက်ရုံအနေနဲ့ လုပ်ငန်းခွင်မှာ လိုအပ်တဲ့ အလုပ်သမား ၁၂၀၀ ကို ခန့်အပ်ထားပြီး ကျန်ရှိနေတဲ့ အလုပ်သမား ၄၀၀၀ခန့်ကိုလည်း  ထပ်မံအလုပ်ခန့်အပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆက်လက်ညှိနှိုင်းနေတယ်လို့ လည်းသိရပါတယ်။

ဒါ့အပြင် ခုလိုဖြစ်ပွားခဲ့တာကြောင့်  ကြိုတင်ငွေယူပြီးတာဝန်မယူတဲ့အေဂျင်စီနဲ့  ပွဲစားတွေအနေနဲ့လည်း    မကြာခင်ဖြေရှင်းရခက်ခဲနိုင်တယ်လို့လည်း  အလုပ်သမားရေးဆောင်ရွက်သူတွေကဆိုပါတယ်။

#MyanmarLabourNews 
Photo-HlaKhaing FB


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026