NEWS

ထားဝယ်တက္ကသိုလ်ကျောင်းသားခေါင်းဆောင်ကိုမမိလို့ မိခင်ဖြစ်သူကိုစစ်ကောင်စီကဓါးစာခံဖမ်းဆီးပြီးထောင်၂နှစ်ချ

CoverLogo
4K Views

စစ်ကောင်စီကထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ မသီရိမိုးကို ဖမ်းမမိတဲ့အတွက် မိခင်ဖြစ်သူကို  ဓားစာခံအဖြစ် ဖမ်းသွားပြီး ယခုလ ၂၇ ရက်နေ့မှာပဲ ထောင်ဒဏ် ၂ နှစ်ချလိုက်တယ်လို့သိရပါတယ်။

မသီရိမိုးရဲ့မိခင်နဲ့ညီမင​ယ်ဖြစ်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၈ ရက်ကညပိုင်း၁၁နာရီလောက် နေအိမ်မှာဖမ်းသွားတာဖြစ်ပြီး နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့တရားစွဲကာ ဒီဇင်ဘာလ ၂၇ ရက်မှာတော့ ထောင်ဒဏ် ၂ နှစ်ချလိုက်တယ်လို့ မသီရိမိုးက MLN ကိုပြောပါတယ်။

"၈.၁၁.၂၀၂၁ ည( ၈) နာရီလောက်မှာ အရပ်ဝတ်နဲ့စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ 
ထားဝယ်မြို့  ကနိုင်းဒါရွာက နေအိမ်ကို အကြမ်းဖက်ဝင်ရောက်ရှာဖွေပြီးနောက် ညီမကိုရှာမတွေ့လို့အိမ်မှာရှိတဲ့ အမေနဲ့ညီမလေးကို ညီမနဲ့ပတ်သက်ပြီးစစ်မေးစရာရှိလို့ဆိုပြီးမတရားဖမ်းဆီးခေါ်ဆောင်သွားတယ် ဖမ်းပြီးနောက် ထားဝယ်မြို့မရဲစခန်းမှတဆင့် စစ်ကြောရေးကိုရောက်ခဲ့တယ်လို့သိရပြီး ( ၁၁ ) ရက်နေ့ညနေပိုင်းမှာ ညီမလေးပြန်လွတ်လာခဲ့တယ် အမေ့ ကိုတော့ထားဝယ်အကျဥ်းမှာအချုပ်ချထားပြီး ၅၀၅(က)ပုဒ်မနဲ့ အမှုဖွင့်တရားစွဲဆိုပြီးနောက် မနေ့က ၂၇.၁၂.၂၀၂၁မှာ ထောင်ဒဏ် (၂)နှစ်ချမှတ်ခဲ့တယ်လို့သိရတယ် စပြီးဖမ်းတဲ့အချိန်မှာရော အမိန့်မချခင်အချိန်ထိရော ညီမကိုလာအဖမ်းခံရင်အမေကိုပြန်လွတ်ပေးမယ်လို့ပြောခဲ့တယ်လို့သိရတယ်"လို့ MLN ကိုပြောပါတယ်။

မသီရိမိုးရဲ့မိခင်

မသီရိမိုးဟာ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဒုတိယ ဥက္ကဋ္ဌ လည်းဖြစ်ပါတယ်။

ဒီလိုမိခင်ဖြစ်သူဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီးတော့" ဘာမဟုတ်တဲ့ မိန်းကလေးသေးသေးလေးတစ်ယောက်ကိုတောင်မိအောင်မဖမ်းနိုင်လို့ အမေကိုဖမ်းပြီး လာအဖမ်းခံရင်ပြန်လွှတ်ပေးမယ်ဆိုကတည်းက ဒီကောင်တွေရဲ့သတ္တိကိုစဉ်းစားသာကြည့်ပေတော့" လို့ မသီရိမိုးက ပြောပါတယ်။

စစ်အာဏာသိမ်းတဲ့အပေါ် ဆန့်ကျင်သူတွေကို စစ်ကောင်စီဟာ ဖမ်းဆီးရာမှာ သူတို့အလိုရှိသူကိုမတွေ့တဲ့အခါ မိသားစုဝင်တွေ ၊ဆွေမျိုးသားချင်းတွေကိုပါ ဖမ်းတာတွေကိုပါလုပ်နေပြီးတော့မသီရိမိုးကိုစစ်ကောင်စီကသြဂုတ်လထဲက ၅၀၅-ကနဲ့တရားစွဲပြီး ဖမ်းဝရမ်းထုတ်ထားတာလို့သိရပါတယ်။


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026