NEWS

တံဆိပ်တုံးအတု အသုံးပြု သက်တမ်းတိုးမြှင့် ထားသည့် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပါက အရေးယူမည်ဟု တောင်ကိုရီးယားရှိမြန်မာသံရုံးကြေညာ

CoverLogo
476 Views
 
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်တဲ့ ကိစ္စရပ်များနဲ့ ပက်သက်ပြီး အတုအပပြုလုပ်ထားတဲ့ တရားမဝင် တံဆိပ်တုံးတွေ ကို အသုံးပြုကာ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးတာနဲ့ကိုင်ဆောင်တာတွေ ကို တွေ့ရှိပါက ဥပဒေအရ အရေးယူမယ်လို့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက အသိပေးကြေညာထားပါတယ်။
 
တံဆိပ်တုံး အတုဖြင့် နိုင်ငံကူးလက်မှတ် ကဲ့သို့ တရားမဝင် လုပ်ဆောင်ပေးခြင်း ကိုင်ဆောင် အသုံးပြုတာတွေ ရှိနေတယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
 
ဒါကြောင့် တောင်ကိုးရီးယားရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ တရားမဝင် တံဆိပ်တုံးအတုတွေ ကို အသုံးပြုပြီး သက်တမ်းတိုးထားတဲ့ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်တာကို သတိပြုရှောင်ရှား ရန် မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံးပြုရာမှာ သတိပြုရန်အချက်တွေကို လိုက်နာနိုင်စေရန် မသမာသူတွေရဲ့ စည်းရုံးသိမ်းသွင်းမှုကို သတိပြုရှောင်ရှားနိုင်စေဖို့သံရုံးက အသိပေးထားပါတယ်။
 
နိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းတွေကို ဖောက်ဖျက်မိပါက မိခင်နိုင်ငံနဲ့ အိမ်ရှင်နိုင်ငံတို့က ဥပဒေအရ အရေးယူခံရနိုင်ပြီး စိစစ်တွေ့ရှိပါက နိုင်ငံကူးလက်မှတ်ကို ဖျက်သိမ်းခြင်းနဲ့ အမည်မည်းစာရင်းသွင်းတာတွေကို လုပ်ဆောင်မယ်လို့ သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026