NEWS

တော်လှန်ရေးအင်အားစုများအားလုံး CDM နိုင်ငံ့ဝန်ထမ်းများ၏အခန်းကဏ္ဍကို အသိအမှတ်ပြုပြီးခိုင်မာအားကောင်းသောအကာအကွယ်နှင့်ထိရောက်သောအကူအညီများပေးရန်လို

CoverLogo
392 Views

CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံကို ဒုတိယအကြိမ်မြောက် လေးရက်တာပြုလုပ်ပြီးနောက်မှာ သဘော ထား ထုတ်ပြန်ချက် (၁၀) ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ 

ထုတ်ပြန်ချက်ထဲမှာတော့ တော်လှန်ရေးအင်အားစုတွေအားလုံး CDM နိုင်ငံ့ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီးခိုင်မာအားကောင်းတဲ့ အကာအကွယ်နဲ့ ထိရောက်တဲ့ အကူအညီတွေပေးရေးကိုလည်း ထည့်သွင်းထုတ်ပြန်ထားပါတယ်။ 

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရာမှာ CDM နိုင်ငံ့ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ချက်ဟာ အခြေခံကျလှတဲ့ ယန္တရားတစ်ခုအနေနဲ့ ပါဝင်ခဲ့ပါတယ်။ 

အာဏာသိမ်းစကတည်းက လက်ရှိအချိန်ထိ CDM နိုင်ငံ့ဝန်ထမ်းတွေဟာ အာဏာရှင်ကို ကျရာနေရာကနေ တော်လှန်ဆဲဖြစ်ပြီး ဒီကနေ့မှာတော့ ဒုတိယအကြိမ်ညီလာခံ လုပ်ဆောင်နိုင် တဲ့အထိ အားကောင်းလာတာပဲ ဖြစ်ပါတယ်။ 

“အာဏာသိမ်းတော့ ကျွန်မတို့လည်း အလုပ်ထွက်တယ်ပေါ့။ အခုထိတော့ ဘယ်အဖွဲ့အစည်းကိုမှ ချိတ်ဆက်တာ မရှိဘူး။ ကိုယ့်ဘာသာ ဈေးရောင်းစားနေတယ်။ အဓိကကတော့ ကျွန်မတို့လိုလူတွေကို အသိအမှတ်ပြုစေချင် တယ်။ ကျွန်မအနေနဲ့ပြောရရင် ဘာမှမမျှော်လင့်ဘူး။ ကိုယ့်ထက်ပေးဆပ်နေတဲ့သူတွေလည်း ရှိနေတာ သိနေတာပဲ။ ဒါပေမယ့် ဒီကာလမှာ ပေးဆပ်မှုတွေတိုင်းကိုတော့ အသိအမှတ် ပြုပေးစေချင်တယ်”လို့  CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ 

CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံကို မျက်မှောက်တော်လှန်ရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေ၊ အိမ်နီးချင်းနိုင်ငံ တွေနဲ့ နိုင်ငံတကာ အခြေအနေတွေပေါ်မူတည်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်ကနေ (၁၀) ရက်နေ့အထိ (၄) ရက်တာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

လေးရက်တာ ညီလာခံပြုလုပ်ပြီးနောက်မှာ တရားမဝင်စစ်အုပ်စုနဲ့ ချုပ်ဆိုထားတဲ့ မည်သည့် နိုင်ငံတကာစာချုပ် မျိုးကိုမဆို အသိအမှတ်ပြုမှာ မဟုတ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) နဲ့ ကမ္ဘာ့လွှမ်းခြုံတရားစီရင်ရေး (Universal Jurisdiction) ကတဆင့် အကြမ်းဖက်စစ်ခေါင်းဆောင် အပါအဝင် အကြမ်းဖက်စစ်အုပ်စုတစ်ခုလုံးကို အရေးယူ နိုင်ရေးအတွက် မိမိတို့ CDM နိုင်ငံ့ဝန်ထမ်း အင်အားစုများအနေနဲ့ တော်လှန်ရေး အဖွဲ့စည်းတွေ၊ နိုင်ငံတကာအင်အားစုတွေ၊ အစိုးရတွေနဲ့ လက်တွဲကာ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ 

ဖက်ဒရယ်ယူနစ်(ဒေသ)အလိုက်၊ ကဏ္ဍအလိုက်စုစည်းမှုတွေကို စည်းလုံးညီညွတ်စွာဖော်ဆောင်ပြီး လွတ်လပ်တဲ့ CDM နိုင်ငံဝန်ထမ်းအဖွဲ့အစည်းကို ဖွဲ့စည်းနိုင်ရေးကြိုးပမ်းကာ CDM နိုင်ငံ့ဝန်ထမ်းတွေအတွက် အခွင့်အရေး၊ နစ်နာသူမိသားစုတွေအတွက် တရားမျှတမှု ပြန်လည်ရှာဖွေပေးနိုင်ရေးနှင့် ရှင်သန်ရပ်တည် ဆက်လက်တိုက်ပွဲဝင်နိုင်ရေး အတွက် အရှိန်မြှင့်လုပ်ဆောင် သွားကြဖို့ တိုက်တွန်းကြောင်း 

ပြည်သူလူထုတရပ်လုံးက ဖျက်သိမ်းခဲ့ပြီးဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး ပြုလုပ်လာမယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ မည်သည့်နိုင်ငံရေးအခင်းအကျင်းကိုမဆို ပြတ်ပြတ်သားသား ရှုတ်ချပြီး လုံးဝလက်ခံမှာ မဟုတ်ကြောင်း အပါအဝင် ထုတ်ပြန်ချက် (၁၀) ချက်ကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ 

#MyanmarLabourNews


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026