NEWS

တောင်ကိုရီးယားအလုပ်အကိုင်အရည်ချင်းစစ်စာမေးပွဲယခုလ၂၉ရက်စတင်မည်

CoverLogo
3.3K Views

တောင်ကိုရီးယားအလုပ်အကိုင်အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK)ကို ယခုလစက်တင်ဘာ ၂၉ရက်ကစပြီး အသုတ်လိုက် ကျင်းပသွားမယ်လို့ အစိုးရ​ပြည်ပအလုပ် အကိုင်အေဂျင်စီ(POEA-EPS)က ထုတ်ပြန်ထားပါတယ်။

'' အစကတည်းကကြေငြာပေးလိုက်ရမှာ စမ်းတဝါးဝါးနဲ့စောင့်ရင်း စောင့်ရင်းနဲ့ ကလေးတွေက ပြန်တဲ့သူကပြန်ပြီ။ ခုပြန်လာကြရမှာပေါ့။ အစောကကြေငြာရင်လည်း ကြာအုံးမယ် သိရပြီ ပြန်ပြီးစောင့်ပေါ့။ ခုတော့ကုန်ကျစရိတ်တွေပိုကုန်သွားတာပေါ့'' လို့ ကိုရီးယားသင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ယခုလစတင်ကျင်းပမဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းအတွက် စာမေးပွဲကို စက်တင်ဘာ၂၉ရက်ကနေ အောက်တိုဘာ ၂၇ရက် အထိကျင်းပမှာ​​​ ဖြစ်ပြီး ၊ ကုန်ထုတ်လုပ်ငန်းအတွက် ပထမအသုတ်စာမေးပွဲကိုတော့ အောက်တိုဘာ ၃၁ရက်ကနေ ဒီဇင်ဘာ ၂၉ရက်အထိကျင်းပမယ်လို့ သိရပါတယ်။

ကျန်ရှိတဲ့ကုန်ထုတ်လုပ်ငန်းဒုတိယအသုတ်အတွက် စာမေးပွဲကိုတော့ လာမဲ့နှစ် ၂၀၂၃ ဇန်နဝါရီ ၃ရက်ကနေ စပြီး ဧပြီ ၃ရက်အထိကျင်းပကာ  ဆောက်လုပ်ရေးလုပ်ငန်းအတွက်စာမေးပွဲကိုလည်း လာမဲ့နှစ်၂၀၂၃ခုနှစ်   ဧပြီ ၁၇ရက်ကနေ မေ၁၅ရက်အထိ ကျင်းပမယ်လို့ ထုတ်ပြန်ချက်အရ  သိရပါတယ်။

EPS စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာကို ၂၄ ဒေါ်လာဖြင့်ရောင်းချကာ ဇူလိုင်လကအွန်လိုင်းစနစ်နဲ့ လက်ခံခဲ့တာဖြစ်ပြီး လျှောက် ထားသူ ၃၇,၀၀၀ ကျော်အထိလျှောက်ထားခဲ့ပါတယ်။  

အဲဒီစာမေးပွဲတွေကို ပြီးခဲ့တဲ့ သြဂုတ် ၂၆ရက်ကစပြီးပြုလုပ်မယ်လို့ ကြေညာခဲ့ပြီး စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတွေ စီစစ်နေရတာကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ  ရွှေ့ဆိုင်းခဲ့ရာကနေ အခုမှ ပြန်လည်ကျင်းပပြုလုပ်မယ့်ရက်ကို ထုတ်ပြန်ကြေညာနိုင်တာ ဖြစ်ပါတယ်။

MyanmarLabourNews


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026