NEWS

တောင်ကိုရီးယားအလုပ်အကိုင်အရည်ချင်းစစ်စာမေးပွဲယခုလ၂၉ရက်စတင်မည်

CoverLogo
3K Views

တောင်ကိုရီးယားအလုပ်အကိုင်အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK)ကို ယခုလစက်တင်ဘာ ၂၉ရက်ကစပြီး အသုတ်လိုက် ကျင်းပသွားမယ်လို့ အစိုးရ​ပြည်ပအလုပ် အကိုင်အေဂျင်စီ(POEA-EPS)က ထုတ်ပြန်ထားပါတယ်။

'' အစကတည်းကကြေငြာပေးလိုက်ရမှာ စမ်းတဝါးဝါးနဲ့စောင့်ရင်း စောင့်ရင်းနဲ့ ကလေးတွေက ပြန်တဲ့သူကပြန်ပြီ။ ခုပြန်လာကြရမှာပေါ့။ အစောကကြေငြာရင်လည်း ကြာအုံးမယ် သိရပြီ ပြန်ပြီးစောင့်ပေါ့။ ခုတော့ကုန်ကျစရိတ်တွေပိုကုန်သွားတာပေါ့'' လို့ ကိုရီးယားသင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ယခုလစတင်ကျင်းပမဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းအတွက် စာမေးပွဲကို စက်တင်ဘာ၂၉ရက်ကနေ အောက်တိုဘာ ၂၇ရက် အထိကျင်းပမှာ​​​ ဖြစ်ပြီး ၊ ကုန်ထုတ်လုပ်ငန်းအတွက် ပထမအသုတ်စာမေးပွဲကိုတော့ အောက်တိုဘာ ၃၁ရက်ကနေ ဒီဇင်ဘာ ၂၉ရက်အထိကျင်းပမယ်လို့ သိရပါတယ်။

ကျန်ရှိတဲ့ကုန်ထုတ်လုပ်ငန်းဒုတိယအသုတ်အတွက် စာမေးပွဲကိုတော့ လာမဲ့နှစ် ၂၀၂၃ ဇန်နဝါရီ ၃ရက်ကနေ စပြီး ဧပြီ ၃ရက်အထိကျင်းပကာ  ဆောက်လုပ်ရေးလုပ်ငန်းအတွက်စာမေးပွဲကိုလည်း လာမဲ့နှစ်၂၀၂၃ခုနှစ်   ဧပြီ ၁၇ရက်ကနေ မေ၁၅ရက်အထိ ကျင်းပမယ်လို့ ထုတ်ပြန်ချက်အရ  သိရပါတယ်။

EPS စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာကို ၂၄ ဒေါ်လာဖြင့်ရောင်းချကာ ဇူလိုင်လကအွန်လိုင်းစနစ်နဲ့ လက်ခံခဲ့တာဖြစ်ပြီး လျှောက် ထားသူ ၃၇,၀၀၀ ကျော်အထိလျှောက်ထားခဲ့ပါတယ်။  

အဲဒီစာမေးပွဲတွေကို ပြီးခဲ့တဲ့ သြဂုတ် ၂၆ရက်ကစပြီးပြုလုပ်မယ်လို့ ကြေညာခဲ့ပြီး စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတွေ စီစစ်နေရတာကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ  ရွှေ့ဆိုင်းခဲ့ရာကနေ အခုမှ ပြန်လည်ကျင်းပပြုလုပ်မယ့်ရက်ကို ထုတ်ပြန်ကြေညာနိုင်တာ ဖြစ်ပါတယ်။

MyanmarLabourNews


Related posts

Cover
Casico Garment Limited စက်ရုံ အချိန်ပိုအလွန်အကျွံခေါ်ခိုင်း၊ အလုပ်သမားများအား ဆဲဆို ခွဲခြားဆက်ဆံ
Jun 17, 2025
Cover
Rong da အထည်ချုပ် စက်ရုံ တောင်းဆိုမှု ညှိနှိုင်းနေဆဲ
Jun 17, 2025
Cover
Rongda အထည်ချုပ် စက်ရုံ တောင်းဆိုမှု ပြုလုပ်
Jun 17, 2025
Cover
မြန်မာတစ်ဦး နေရပ်ပြန်ပို့ရန် မိသားစုဝင်များနှင့် အဆက်သွယ်မရဖြစ်နေ
Jun 17, 2025
Cover
FOA ချိုးဖောက်တဲ့အပေါ် ဖြေရှင်းပေးဖို့ Dishang Fashion (Myanmar) အလုပ်သမားတွေဆန္ဒဖော်ထုတ်
Jun 17, 2025
Cover
Rum Yang အထည်ချုပ်စက်ရုံလုပ်သားများ အား တိုင်းဦးစီးခြိမ်းခြောက်၊ တောင်းဆိုမှု ရပ်တန့်
Jun 16, 2025
Cover
Dong Chen Handbag စက်ရုံမှူး ကိုယ်ထိလက်ရောက် ကျူးလွန်ပြီး ကြီးကြပ်ရေးမှူးများမှ ဆဲဆို ခိုင်းစေ
Jun 16, 2025
Cover
Mai Yi Bei (Yangon) အော်စူပါ လာဘ်ယူ အလုပ်ခန့်၊ အလုပ်သမားလစာပါ ဖြတ်ယူ
Jun 16, 2025