NEWS

တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်

CoverLogo
425 Views
 
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှ တစ်ဆင့် အမျိုးသမီး လုပ်သားတွေ အပါအဝင် မြန်မာလုပ်သား ၁၂၀ကျော်ကို ယခု လအတွင်း စေလွှတ်ခဲ့တယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
မတ်လ၁၀ရက် နေ့ တွင် ဝန်ဆောင်မှုလုပ်သား အမျိုးသား (၇)ဦး၊ အမျိုးသမီး (၁၀)ဦး စုစုပေါင်း (၁၇)ဦး ကိုလည်းကောင်း၊မတ်လ၁၁ရက် တွင် ကုန်ထုတ်လုပ်သား (၇၂)ဦး နဲ့ စိုက်ပျိုးရေးလုပ်သား (၁)ဦး ကိုလည်းကောင်း၊မတ်လ၁၂ရက် တွင် Re-entry လုပ်သား၁ဦး ၊မတ်လ၂၅ရက်တွင် ကုန်ထုတ်လုပ်သား၂၉ဦး၊ဆောက်လုပ်ရေး လုပ်သား၁ဦး စုစုပေါင်း လုပ်သား ၁၂၁ဦး စေလွှတ်ခဲ့တယ်လို့ မြန်မာသံရုံး က ထုတ်ပြန် ထားပါတယ်။
 
စေလွှတ်လိုက်တဲ့ မြန်မာလုပ်သား များ အင်ချွှန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် အလုပ်သမား သံအရာရှိက ကြိုဆိုပြီး အလုပ်သမား များ သိရှိ လိုက်နာရမယ့် အချက်တွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
 
တောင်ကိုရီးယား နိုင်ငံအနေနဲ့ မြန်မာအပါအဝင် နိုင်ငံပေါင်း၁၆နိုင်ငံ ကနေ EPS လုပ်သား​တွေကို ခေါ်ယူနေတာ ဖြစ်ပြီး တောင်ကိုရီးယားသို့ မြန်မာအမျိုးသမီး လုပ်သားစေလွှတ်ခွင့်ကိုတော့ ၂၀၂၄ ခုနှစ်မှာ စတင်ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026