NEWS

တောင်ကိုရီးယားသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူ သုံးရက်အတွင်း ၂,၀၀၀ ကျော်ရှိ

CoverLogo
1.7K Views

တောင်ကိုရီးယဲားသို့သွားရောက်လုပ်ကိုင်ရန် စာမေးပွဲ(EPS) ဖြေဆိုရန်လျှောက်ထားတဲ့ အလုပ်သမားဦးရေဟာ သုံးရက်အတွင်း ၂,၀၀၀ ကျော်ရှိတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA EPS)က ထုတ်ပြန်လိုက်ပါတယ်။

'' ဖြေဆိုခွင့်လျှောက်ထားသူစာရင်းတွေထွက်လာတယ် 2001 ကနေ 4000 အထိဆိုတာ့ နှစ်ထောင်ကျော်တယ်။ လျှောက်ထားပီးမှ ခုံနံပါတ်မကျလာတာတွေအများကြီးရှိနေတယ်ဆို နှစ်ထောင်ကျော်တယ်'' ဟု ကိုရီးယားသို့ သွားရောက်လုပ်ကိုင်ရန် စောင့်ကြည့်လေ့လာသူ ကိုဇော်မင်းက ဆိုပါတယ်။

စာမေးပွဲ(EPS)ဖြေဆိုခွင့် လျှောက်လွှာတင်ထားသူ ၂၀၀၀ ရဲ့အမည်စာရင်းတွေကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ  POEA-EPSက ဇူလိုင်၁၃ရက် ညနေက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

EPS စာမေးပွဲအတွက်ဖြေဆိုခွင့်လျှောက်လွှာများကို ဇူလိုင် ၇ရက်မှ၉ရက်အထိ လက်ခံခဲ့တာဖြစ်ပြီး လျှောက်လွှာတွေပြန်စီစစ်ရန် လျှောက်လွှာလက်ခံတာကိုလည်း ဇူလိုင်၉ရက်နေ့ ညနေကစတင် ရပ်နားခဲ့တာပါ။

လျှောက်လွှာလက်ခံခြင်ကို ရပ်နားလိုက်ပြီး သုံးရက်အတွင်း လျှောက်ထားသူ​တွေအနက် ၂,၀၀၀ရဲ့အမည်ကိုထုတ်ပြန်ခဲ့ကာ အဲဒီအမည်စာရင်းမှာပါဝင်တဲ့သူတွေအနေနဲ့ ယနေ့ (ဇူလိုင်၁၄)မှာ စာမေးပွဲမှတ်ပုံတင်စတင်ကြေးပေးသွင်းကြရမှာဖြစ်တယ်လိလည်း သိရပါတယ်။

" ကျွန်တော်ဆို ၇ရက်နေ့ကတင်ထားတာ ခုထိမကျလာဘူး။ ပယ်ခံရတာလား မပါသေးတာလား မသိရဘူး။ ပယ်ခံရရင်ရော ဘလိုလုပ်ရမယ်ဆိုတာ ထုတ်ပြန်စေချင်တယ်။အမည်စာရင်းမပါသေးတာရော 
တင်ဖို့စောင့်နေတဲ့သူလည်းမနည်းဘူးကျန်သေးတယ်"လို့ လျှောက်လွှာတင်ဖို့စောင့်နေသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စာမေးပွဲဖြေခွင့်လျှောက်တာတွေကိုနည်းပညာပြသာနာကြောင့် လျှောက်လွှာတင်မရတာတွေရော အမည်စာရင်းတူထပ်နေတာတွေရောပါ တွေ့နေရတာကြောင့် နည်းပညာအားနည်းမှုတွေရှိနေတယ်လို့လည်း  သိရပါတယ်။


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026