NEWS

တောင်ကိုရီးယားရောက် မြန်မာလုပ်သားတစ်ဦး အဆုံးစီရင်

CoverLogo
284 Views
 
တောင်ကိုရီးယား နိုင်ငံရောက် မြန်မာလုပ်သား တစ်ဦးဟာ စက်ရုံ အတွင်း မိမိကိုယ်ကို သတ်သေမှု ဖြစ်ပွားခဲ့တယ်လို့ တောင်ကိုရီးယား ရှိ မြန်မာလုပ်သား အရေး ကူညီသူထံမှ သိရပါတယ်။
 
ဖြစ်စဉ်မှာ ကိုရီးယား ရှိ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ကိုသက်ထွေးဇော် ဟာ အလုပ်မဆင်းတာ ၃ရက် ခန့်ရှိနေတဲ့ အတွက် ကိုရီးယား အလုပ်ရှင်ကသေဆုံးသူ ကိုသက်ထွေးဇော်ရဲ့ မြန်မာပြည်ကတည်းက သူငယ်ချင်း ဖြစ်သူ ကိုဝေဖြိုးထွန်း ထံ သွားမေးခဲ့သလို မြန်မာပြည်မှ ကိုသက်ထွေးဇော်ရဲ့ အစ်မ ဖြစ်သူကလဲ မောင်ဖြစ်သူ နဲ့ အဆက်သွယ်မရတာ ၃ရက် ခန့်ရှိသဖြင့် စုံစမ်းပေးဖို့ သေဆုံးသူရဲ့ သူငယ်ချင်းဖြစ်သူ ကိုဝေဖြိုးထွန်း ထံ ဖုန်းဆက်အကူညီတောင်းခဲ့တယ်လို့ သိရပါတယ်။
 
ဒါကြောင့် ကိုဝေဖြိုးထွန်း က နိဝါန်ရဲစခန်း တွင် ကိုသက်ထွေးဇော် ပျောက်နေကြောင်း လျှောက်ထားခဲ့ ပြီး နောက် ကိုရီးယား ရဲ များက ပျောက်ဆုံးနေတဲ့ ကိုသက်ထွေးဇော် အကြောင်း လိုက်လံ စုံစမ်းခဲ့ရာ ဇန်နဝါရီ ၁၈ရက် ညနေ ၄နာရီ ခန့်မှာ အထည်ချုပ် စက်ရုံ ရဲ့ မြေအောက် ခန်း တွင် ကြိုးဆွဲချ သေဆုံးနေတဲ့ ကိုသက်ထွေး ဇော်ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
 
သေဆုံးသူ မြန်မာလုပ်သားကို တွေ ရှိတဲ့ မြေအောက်ထပ်ဟာ အလုပ်ရှင်နဲ့ အလုပ်သမားတွေ ဆင်းလေ့မရှိတဲ့ နေရာ ဖြစ်ကြောင်း သိရပါတယ်။
 
သေဆုံးသူ ကိုသက်​ထွေးဇော် ဟာ မကွယ်လွန်မီ စိတ်ထိခိုက်မှု တွေရှိကြောင်း မိသားစု တွေမှ မြန်မာပြည် ကို ပြန်လာဖို့ ခေါ်ပေမယ့် ကိုရီးယားမှာနေချင်ကြောင်းပြောကြားတယ်လို့ ကျန်ရစ်သူ မိသားစု ထံမှသိရပါတယ်။
 
မြန်မာလုပ်သား ကိုသက်ထွေးဇော်ရဲ့ ကျန်ရစ်တဲ့ ရုပ်အလောင်းကို ရဲဝန်ထမ်း တွေက စစ်ဆေးပြီး လိုအပ်ပါက အကြောင်းကြားမယ်လို့ အလုပ်ရှင် ကို ပြောကြားခဲ့ကြောင်းသိရပါတယ်။
 
ကိုသက်ထွေးဇော်ဟာ အသက်၃၂ နှစ် ခန့်ရှိပြီး မြန်မာပြည် ရန်ကုန်မြို့ ဒဂုံမြို့သစ် အရှေ့ပိုင်းမှာ နေထိုင်ခဲ့သူ ဖြစ်ကြောင်းသိရပါတယ်။

Related posts

Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026