NEWS

တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ အလုပ်လုပ်ခွင့် ဗီဇာအခက်အခဲအတွက် တောင်ကိုရီးယားလွှတ်တော်တွင် ဆွေးနွေးမည်ဟုဆို

CoverLogo
338 Views
 
တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသား တွေ ရင်ဆိုင်နေရတဲ့ ဗီဇာအခက်ခဲ အတွက် တောင်ကိုရီးယား လွှတ်တော်မှာ ဆွေးနွေးသွားဖို့ရှိတယ်လို့တောင်က်ိုရီးယားဆိုင်ရာ NUG ကိုယ်စားလှယ်ရုံး က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၃ ရက် က ကိုရီးယားလွှတ်တော် အစည်းဝေးခန်းမ ၂၀၉ တွင်"ကိုရီးယား ဒီမိုကရေစီ အကျပ်အတည်းမှ ရုန်းထရေးအတွက် မြန်မာ့နွေဦးတော်လှန်ရေးမှ မျှော်လင့်ချက်" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပခဲ့ တာမှာ မြန်မာနိုင်ငံသားတွေရင်ဆိုင်နေရတဲ့ ဗီဇာအခက်ခဲ နဲ့ ပက်သက်ပြီး တောင်ကိုရီးယားလွှတ်တော် အမတ်များက လွှတ်တော် အတွင်း ဆွေးနွေးမယ်လို့ တောင်ကိုရီးယားလွှတ်တော်အမတ် အီယုန်ဆွန်း ကပြောကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အထူးသဖြင့် ကိုရီးယားရောက် တော်လှန်ရေး လုပ်နေသူတွေကို ပတ်စပို့သက်တမ်းအခက်အခဲ ၊ယာယီနေထိုင်သူတွေနဲ့ တရားဝင် အလုပ်လုပ်ခွင့် အခက်ခဲ တွေ နဲ့ စစ်မှုထမ်းဥပဒေကြောင့် မိခင် နိုင်ငံ ကို မပြန်ရဲ တဲ့ အခက်ခဲ တွေ ကို ယခု အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ယခုဆွေးနွေးပွဲ ကို တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် NUGရုံးတာ၀န်ခံများ၊ MFDMC ဥက္ကဌဦးဇော်မိုးအောင်နှင့် MFDMCတာ၀န်ခံများ တက်ရောက်ကြတယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026