NEWS

တောင်ကိုရီးယားနိုင်ငံသို့ အမျိုးသမီးလုပ်သားအပါအဝင် မြန်မာလုပ်သား ၁၂၀ ကျော်စေလွှတ်

CoverLogo
477 Views
 
တောင်ကိုရီးယား နိုင်ငံသို့ EPS စနစ် ဖြင့် အမျိုးသမီး လုပ်သားအပါအဝင် မြန်မာလုပ်သား ၁၂၄ ဦး ကို မတ်လ၁၉ရက် စေလွှတ်ခဲ့တယ်လို့ ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်တဲ့ မြန်မာလုပ်သားသစ် တွင် ကုန်ထုတ်လုပ်သား ၅၈ ဦး၊ သစ်တောလုပ်သား ၂၅ ဦး၊ ဆောက်လုပ်ရေးလုပ်သား ၁၉ ဦး ၊ဝန်ဆောင်မှုလုပ်သား ၇ ဦး (အမျိုးသမီး ၁ ဦး) နဲ့ စိုက်ပျိုး/မွေးမြူရေးလုပ်သား ၁၅ ဦး စုစုပေါင်း လုပ်သားသစ် ၁၂၄ ဦးဖြစ်တယ်လို့ သိရပါတယ်။
ဝန်ဆောင်မှု လုပ်သား အဖြစ် သွားရောက်တဲ့ အမျိုးသမီး လုပ်သားမှာ မြန်မာနိုင်ငံမှ EPSစနစ်ဖြင့် ပထမဆုံး တောင်ကိုရီးယား နိုင်ငံကို သွားရောက် အလုပ် လုပ်ကိုင်ခွင့်ရရှိသူဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် အတွင်း တောင်ကိုရီးယားနိုင်ငံသို့ EPSစနစ်ဖြင့် မြန်မာလုပ်သားစေလွှတ်မှု မှာ ယခုအကြိမ် အပါအဝင် ၃ကြိမ်ရှိပြီ ဖြစ်ပြီး လုပ်သားဦးရေ ၄၀၀ကျော်စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယား နိုင်ငံအနေနဲ့ ယခုနှစ် အတွင်း မြန်မာအပါအဝင် နိုင်ငံခြားသား လုပ်သား ၂၀၀၀၀ ကျော် ခေါ်ယူဖို့ စီစဉ်ထားကြောင်း ကိုရီးယားသတင်းတွေအရ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026