NEWS

တောင်ကိုရီးယားတွင် သင်္ဘောမီးလောင်မှုကြောင့် မြန်မာသင်္ဘောသားတစ်ဦး မီးလောင်ဒဏ်ရာရကာ ဆေးကုသမှုခံယူနေရ

CoverLogo
285 Views

တောင်ကိုရီးယား နိုင်ငံ တွင် သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားရာ မှ မြန်မာသင်္ဘောသားတစ်ဦး မီးလောင်ဒဏ်ရာရရှိခဲ့တယ်လို့ ကိုရီးယားအင်တာနက်သတင်းများနှင့် ကိုရီးယားရောက်မြန်မာ အလုပ်သမားတွေထံ က သိရပါတယ်။

ဇွန်လ ၁၈ ရက် နေ့လည် ၂နာရီ အချိန်က  ကိုရီးယားနိုင်ငံ ဂယောင်ဆန်တောင်ပိုင်းပြည်နယ် ချန်းဝါန်မြို နဲ့ဆောင်းဆန်မြို ဂွီဆန်ဒုန် မာဆန် တံတား အနီး တန် ၅၀၀၀ ရှိ သင်္ဘော တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သင်္ဘော မီးလောင်တဲ့နေရာကို ကမ်းခြေစောင့်ရဲဝန်ထမ်း တွေက မီးငြှိမ်းသတ် ပေးကာ သင်္ဘောသား တွေ ကို ကယ်ဆယ်ပေးခဲ့ရာ တစ်နာရီ ခန့် မှာ မီးငြိမ်းခဲ့တယ်လို့ ဆိုပါတယ်။

ယင်း သင်္ဘော မီးလောင် မှုကြောင့် အသက် ၃၀အရွယ် မြန်မာသင်္ဘောသား တစ်ဦး မှာ ကျောကုန်း မီးလောင်ဒဏ် ခံခဲ့ ရပြီး  နီးစပ်ရာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ယခု သင်္ဘော မီးလောင်မှု မှာ သင်္ဘောစက်ခန်း ထဲ မှ မီးစတင်လောင်တာ ဖြစ်ပြီး တာဝန်ရှိသူတွေကို မီးလောင်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးသွားမယ်လို့ သိရပါတယ်။


Related posts

Cover
ဆေးကုသမှုမခံယူပါက အသက်အန္တရာယ်ရှိနေလို့ အကူအညီတောင်းခံ
Sep 07, 2025
Cover
မလေးရှား ရှိ KTV ဖျော်ဖြေစင်တာတွင် အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီး ၂၀ ကျော်အဖမ်းခံရ
Sep 07, 2025
Cover
အလုပ်သွင်းပေးမည်ဆိုကာ မြန်မာလုပ်သား ၆၀ နီးပါးထံမှ အလုပ်စမတ်ခများ လိမ်ယူသွား
Sep 07, 2025
Cover
အထောက်အထားမစုံ"ဟုဆိုကာ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၈ ဦး ကျန့်ခေါက်ကြေးနှင့်နစ်နာကြေးများပြန်ရ
Sep 06, 2025
Cover
ထိုင်း Home Rich Full စက်ရုံတွင် အလုပ်သမားများ ကျန်းမာရေးနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်နေရ
Sep 06, 2025
Cover
Everlao ဦးထုပ်စက်ရုံ စစ်ဆေးမှုအား လိမ်ညာခိုင်းပြီး၊ လျှော်ကြေး‌ရမှ နေရပ်ပြန်လွှတ်မယ်ဟု ခြိမ်းခြောက်
Sep 05, 2025
Cover
အခွန်ဆောင်ရသည့်အတွက် လာအို စက်ရုံမှာ တနေ့ ၂ နာရီ အပိုလုပ်ခိုင်း၊ မြန်မာ အေဂျင်စီက ပွဲခယူ၊ လျှော်ကြေးတောင်းဟုဆို
Sep 05, 2025
Cover
အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၃၀ ကျော်အဖမ်းခံရ
Sep 03, 2025