NEWS

တိုင်းနှင့်ပြည်နယ်များတွင် မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်

CoverLogo
95 Views

နိုဝင်ဘာ ၈ ရက်နေ့ နေ့လည် ၂နာရီ မိုးလေဝသ တိုင်းတာချက်အရ လာမယ့် နိုဝင်ဘာ ၉ရက်နေ့မှာလည်း တိုင်းဒေသကြီးနှင့်ပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာပြီး မိုးကြီးအုံးမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန ရဲ့ အထူးမိုလေဝသ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 

တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်မှ ရွေ့လျားလာသော လေပွေလှိုင်းများကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် ယနေ့ နိုဝင်ဘာ ၈ရက် မွန်းလွဲမှ နိုဝင်ဘာ ၉ရက် နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသတွေ မှာ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလ က ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင်  မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တဲ့ အတွက်  ကုန်းမြင့်ဒေသအနီး  နေထိုင်ကြသူတွေ အနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက  သတိပေးနှိုးဆော်ထားပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ရက် ကနေ ၈ရက်အထိ လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မိုးကြီး နိုင်တယ်လို့ မိုးဇလ က အထူးသတင်း ထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန် ထိ နေရာဒေသအလိုက် မိုးရွာသွန်းခဲ့တာကြောင့် အချို့ဒေသတွေမှာ  စပါးခင်း ပဲစိုက် ခင်း စတာတွေ ရေဝင်ရောက်ကာပျက်စီးတာတွေ ဖြစ်ပေါ်သလို မိုးအရှိန်ကြောင့် ရာသီဥတု  အအေးဒဏ်ကိုလည်း ပြည်သူတွေခံစားနေရတယ်လို့ သိရပါတယ်။

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews 

#MyanmarLabourNews


Related posts

Cover
ဒီဇင်ဘာလအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် မိုးကြီးအုံးမည်ဟုဆို
Dec 20, 2024
Cover
"မန်ရီ”(MAN-YI) မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ် အချို့ မိုးရွာနိုင်
Nov 18, 2024
Cover
နိုဝင်ဘာ ၆ ရက်မှ ၈ ရက်အတွင်း မိုးကြီးပြီး လေပြင်းတိုက်နိုင်ဟု အထူးမိုးလေဝသသတင်းထုတ်ပြန်
Nov 04, 2024
Cover
ရန်ကုန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်ထဲ ရေဝင်မှုများကာ အခက်အခဲများ ဖြစ်ပေါ်
Oct 22, 2024
Cover
ရန်ကုန်မှာ မိုးကြီး ရေလျှံမှု အလုပ်သမား​တွေ သွားလာရေးအခက်အခဲဖြစ်နေ
Oct 22, 2024
Cover
ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ‌ ဒေသတချို့မှာမိုးရွာသွန်းကာ လျှပ်စီးလက်၊ မိုးသီး‌ကြွေတဲ့ မိုးလေဝသဖြစ်စဉ်တွေဖြစ်နိုင်
Sep 30, 2024
Cover
ငမိုးရိပ်ချောင်းရေတက်လာလို့ အနီးအနားက မြို့နယ်တွေ ရေ ၂ ပေခန့်ဝင်ရောက်
Sep 20, 2024
Cover
အပူပိုင်းမုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာပြည်တွင် ဒေသအလိုက် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်နိုင်ကြောင်း မိုးဇလထုတ်ပြန်
Sep 17, 2024