NEWS

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ် ​​နေလို့ ဂျပန်ရောက် မြန်မာနိုင်ငံသား​တွေ အကူညီလိုအပ်ပါက ဆက်သွယ်ဖို့ အသိပေး

CoverLogo
383 Views
 
အင်အားကြီးတိုင်ဖွန်းမုန်တိုင်းရှန်းရှန်း(Typhoon Shanshan) ဟာ ဂျပန်နိုင်ငံ တောင်ပိုင်း၊ ကျူးရှုးဒေသသို့ ဝင်ရောက်တိုက်ခတ်လျက်ရှိတဲ့ အတွက် အဲ့ဒီ​ဒေသက မြန်မာနိုင်ငံသားတွေ အနေနဲ့ အကူညီလိုပါက မြန်မာသံရုံးကို ဆက်သွယ် ဖို့ မြန်မာသံရုံး တိုကျိုက ဩဂုတ် ၂၉ ရက်မှာ အသိပေးချက်ထုတ်ပြန်ထားပါတယ်။
 
တိုင်ဖွန်းမုန်တိုင်းရဲ့ ရိုတ်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်း၊ မြေပြိုခြင်း၊ အနိမ့်ပိုင်းဒေသများတွင် ရေကြီးခြင်း၊ မုန်တိုင်းဒီရေတက် ရောက် ခြင်းနှင့် လှိုင်းလေကြီးခြင်းတို့ ဖြစ်လာနိုင်တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီမှာ သတိပေးချက်ထုတ်ပြန်ထားရှိပါတယ်။
 
၎င်း ဒေသမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသား တွေ အနေနဲ့ ဒေသအာဏာပိုင်တွေရဲ့ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်တွေ ကို JMA: www.jma.go.jp/jma/indexe.html
NHK World-Japan: https://www3.nhk.or.jp/nhkworld/en/news/စတဲ့ အင်တာနက်ဝက်ဘ်ဆိုက်များမှာ အထူးအလေးထားစောင့်ကြည့်ဖို့ မြန်မာသံရုံးက တိုက်တွန်းထားပါတယ်။
 
အကယ်၍ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး အကူအညီလိုအပ်ပါက သံရုံးရဲ့ Hot Line ဖုန်းနံပါတ် 070-4413-7383 သို့ဆက်သွယ်နိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026