NEWS

တိုင်ဖွန်းမုန်တိုင်း "ကဂျိကိ" ကြောင့် နေရာအချို့မှာ မိုးကြီးနိုင်

CoverLogo
517 Views
 
တောင်တရုတ် ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း "ကဂျိကိ" (Kajiki)ရဲ့အရှိန်ကြောင့် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာပြီး အချို့နေရာတွေမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ဩဂုတ်၂၅ရက်မှာထုတ်ပြန်ပါတယ်။
 
ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့မှာ မုတ်သုံလေအားကောင်းနေပြီး ကျန်ဘင်္ဂလားပင်ဘယ်အော်မှာ မှာ မုတ်သုံလေ အားအသင့်တင့်မှအားကောင်းနေတယ်လို့ ဆိုပါတယ်။
 
ထူးခြားချက်အနေနဲ့ ယနေ့မနက်၉နာရီခွဲ အချိန်တိုင်းတာ ချက်အရ တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း "ကဂျိကိ" (Kajiki) ဟာ အနောက်ဘက်သိုရွေ့လျား နိုင်ပြီးနောက်၁၂နာရီ အတွင်း ဗီယမ်နမ်နိုင်ငံအထက်ပိုင်းဒေသ ကိုလည်းကောင်း၊ နောက်၂၄နာရီမှာ လာအိုနိုင်ငံ အထက်ပိုင်းဒေသများ ကို လည်းကောင်းဖြတ်ကျော်နိုင်မယ် လို့ ခန့်မှန်းကြောင်း ထုတ်ပြန်ထားပါတယ်။
 
ဒါကြောင့် ရန်ကုန်မှတနင်္သာရီ ကန်ရိုးတမ်းတစ်လျှောက် ယခုမွန်းတည့်မှ စပြီး ၂၄နာရီ အတွင်း နေရာအနှံမိုးထစ်ချုန်းရွာပြီးနေရာကွက်၍ မိုးကြီးမယ်လို့ သတိပေးထားပါတယ်။
 
ဖြစ်ပေါ်လာနိုင်မယ့် လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်တွေကြောင့် မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ်တချို့မှာ ဩဂုတ် ၂၆ ရက်ကနေ ၂၉ ရက်အထိ နေရာကွက်မိုးကြီးနိုင်တယ်လို့ဆိုပါတယ်။
 
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာလည်း တစ်ခါတစ်ရံ မိုးသက်လေပြင်း တွေ ကျရောက်ပြီး ၊ လှိုင်းကြီးနိုင်တယ်လို့ဆိုပါတယ်။
 
မိုးသည်းထန်စွာရွာသွန်းတာ နဲ့ အတူ လေပြင်းတိုက်ခတ်တာ ၊ မိုးထစ်ချုန်းတာ ၊ မိုးကြိုးပစ်တာ ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်လို့သတိပြုဖို့ကိုလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသတိပေးထားပါတယ်။
 
ထိုင်းမိုးလေဝသဌာနကလည်း အပူပိုင်းမုန်တိုင်း ကဂျိကိ" (Kajiki) နဲ့ပက်သက်ပြီး ထိုင်းနိုင်ငံအတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်တဲ့ အတွက်ပြည်နယ် ၃၅ခု ကို သတိပေးချက် ထုတ်ပြန်ထားပါတယ်။
 

Related posts

Cover
အားကောင်းသော မုန်တိုင်းငယ် မွန်ပြည်နယ် ကျိုက်ထိုမြို့၏ တောင်ဘက်မှ စတင်ဖြတ်ကျော် အညိုအဆင့်သတိပေးချက် မိုးဇလ ထုတ်ပြန်
Sep 28, 2026
Cover
အနီရောင်အဆင့် မုန်တိုင်းငယ်  မော်လမြိုင် သုံးခွနှင့်ပဲခူးအနီးကို ဗဟိုပြုနေ
Sep 28, 2026
Cover
အာဆင်းနစ် မြစ်ဝှမ်းမှ မိခင်များနှင့် မျိုးဆက်သစ်တို့အတွက် ခြိမ်းခြောက်မှု
Sep 01, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
နိုဝင်ဘာ တတိယ ၁၀ ရက် ပတ်အတွင်း လာနီညာ ဖြစ်ပေါ် နိုင်ဟု မိုးဇလအသိပေး
Nov 21, 2025
Cover
တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” အရှိန်ကြောင့် နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း မိုးထစ်ချုန်းရွာမည်ဟုဆို
Nov 06, 2025
Cover
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ မိုးကြီးမည်
Nov 04, 2025