NEWS

တရုတ် သို့ မြန်မာအလုပ်သမားစေလွှတ် ဖို့ ဆွေးနွေး ညှိနှိုင်းနေ ဟုဆို

CoverLogo
500 Views
 
တရုတ် နိုင်ငံ ကို မြန်မာလုပ်သား စေလွှတ် နိုင်ဖို့ အတွက် နှစ်နိုင်ငံ ညှိနှိုင်း မှု တွေ ပြုလုပ်နေတယ်လို့ အေဂျင်စီ အသိုင်းဝိုင်း မှ သိရပါတယ်။
လက်ရှိမှာ တရုတ် နိုင်ငံ ကို မူဆယ် မှ တစ်ဆင့် ယာယီဖြတ်သန်းခွင့်လက်မှတ် တွေ နဲ့ ရက်သတ္တပတ် ခန့် နေထိုင် ပြီး သွားရောက် အလုပ် လုပ်ကိုင်တာသာရှိပြီး တရားဝင်လမ်း ကြောင်းဖြင့် မြန်မာ အလုပ်သမား စေလွှတ်ရန် အတွက် စတင်ဆွေးနွေးတာ ဖြစ်တယ်လို့ဆိုပါတယ်။
"အခု ဆွေးနွေးတာက လည်း တရုတ်ပြည်မ ကြီး ထဲ ကို သွားရောက် အလုပ် လုပ်ရမှာ မဟုတ်ဘူး ယူနန်ပြည်နယ် အောက် က တယ်ဟုန် ပြည်နယ် အတွင်း မှာ အလုပ် လုပ်ရ မှာ အဲ့ ဒီ ပြည်နယ် မှာက စီးပွားရေးဇုန် ရှိတယ် စက်ရုံ အလုပ်ရုံ တွေ လည်း အတော်များများ ရှိတယ် သူတို့ဘက်ကလည်း တရားဝင် မြန်မာ အလုပ်သမားတွေ ကိုခေါ်ချင်တယ် ဒီဘက်က လိုင်စင်ရအေဂျင်စီ တွေ လဲ သွားလေ့လာ တယ် နှစ် နိုင်ငံက ဌာန ဆိုင်ရာ တွေလည်းညှိနှိုင်း နေပါတယ်""လိုင်စင်ရအေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အချို့သော လိုင်စင်ရ အေဂျင်စီတွေ ထံ မှာ တရုတ် ပြည်နယ် တယ်ဟုန် ဒေသ အတွက် ခေါ်ယူမယ့် အလုပ်ခေါ်စာ Demand Latter များ ရရှိထားပြီး စေလွှတ်ရေး အတွက်နှစ်ဖက် ဝန်ကြီးဌာန ၏ ညှိနှိုင်းဆွေးနွေး မှု ကိုစောင့်နေတယ်လို့ဆိုပါတယ်။
လုပ်အား ခ အနေနဲ့ နေစရိတ်စားစရိတ် ငြိမ်း ဖြင့်
တစ် လကို တရုတ်ငွေ ယွမ်၁၂၀၀မှ ၂၀၀၀ခန့်ရရှိ နိူင်တယ်လို့ ဆိုပါတယ်။
တရုတ် နိုင်ငံ အတွင်း သို့ ပြည်တွင်းမှ တရားဝင် စာရွက်စာတမ်းနဲ့ သွားရောက် အလုပ် လုပ်သည့် မြန်မာနိုင်ငံသား နည်း ပြီး တရားမဝင် သွားရောက်အလုပ်လုပ်သူ အရေအတွက်ပို များတယ်လို့ သိရပါတယ်။

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026