NEWS

တရုတ် ကို မြန်မာ လုပ်သား တရားဝင်စေလွှတ်မှုစတင်

CoverLogo
382 Views

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လက်အောက်ရှိ တယ်ဟုန်ပြည်နယ် ကို တရားဝင် မြန်မာ အလုပ်သမား စေလွှတ်မှု စတင်နေပြီလို့ လိုင်စင်ရအေဂျင်စီ တွေ ထံ က သိရပါတယ်။

ဇွန်လ ထဲ မှာ တင်  အထည်ချုပ် လုပ်ငန်း အတွက်အယောက်  ၉၀ခန့် စတင် စေလွှတ်ခဲ့ ပြီး အချို့ လုပ်ငန်းမကျွမ်းကျင်တဲ့ အတွက် အဆင်မပြေတာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

"တရုတ်ကို စတင် စေလွှတ်နေပြီ လေကြောင်းနဲ့ပဲ ပို့တာ၊ စက်ချုပ် နဲ့ လွှတ်လိုက်တာ အမျိုးသမီး လုပ်သားတွေ များတယ် ဒါပေမယ့် ဘာ အဆင်မပြေလဲ ဆိုတော့ ဒီဘက် မှာ စာချုပ်သင်တန်း ၁ လ လောက် တက်ပြီး သွားတဲ့ သူတွေ တပတ်လောက် တက် ပြီး သွားတဲ့ သူတွေ ဟိုဘက်ရောက်တော့  အဆင်မပြေဘူး ဒီဘက် မှာ အထည်ချုပ်စက်ရုံ တွေ မှာ တကယ် လုပ်နေတဲ့ သူတွေ စက်ချုပ်ကျွမ်းကျင်တဲ့သူတွေ က အဆင်ပြေတယ်"လို့ အေဂျင်စီ မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ဒါ့အပြင် တရုတ်ပြည်မ ထဲ မဟုတ်ဘဲ တယ်ဟုန် ပြည်နယ် တစ်ခု ထဲ ကိုသာ လုပ်သား စေလွှတ်ရတဲ့ အတွက် တရုတ်ဘက်က ဗီဇာ ပေးဖို့အခက်ခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

"တရုတ်ပြည်မ ထဲ က နိုင်ငံခြားသားအလုပ်သမား လိုအပ်ချက် ရှိတာ မဟုတ်ဘူးလေ အခု လိုတာက တယ်ဟုန်ပြည်နယ် တစ်ခုထဲ ဆိုတော့ သူတို့ ဘက်က အလုပ်သမား ဗီဇာ မပေးချင်ဘူး ဖြစ်နေတယ်၊ အခု ပို့လိုက်တဲ့ သူတွေက business visa နဲ့ လျှောက်ပြီး သွားကျတာ ဟိုဘက်ရောက် မှ  work permit ကတ်ပေးတာ အဲ့လိုဆိုတော့ အေဂျင်စီ တွေ အနေနဲ့  ဆက်ပြီး လုပ်သားစေလွှတ်ဖို့ အတွက် ကိုအခြေနေစောင့်ကြည့်နေရတာ"လို့
အေဂျင်စီ မှတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

လုပ်အား ခ အနေနဲ့ နေစရိတ်စားစရိတ် ငြိမ်း ဖြင့်တစ် လကို တရုတ်ငွေ ယွမ်၁၂၀၀မှ ၂၀၀၀ခန့်ရရှိတယ်လို့ သိရပါတယ်။

တရုတ် နိုင်ငံ ကို မူဆယ် မှ တစ်ဆင့် ယာယီဖြတ်သန်းခွင့်လက်မှတ် တွေ နဲ့ ရက်သတ္တပတ် ခန့်  နေထိုင် ပြီး သွားရောက် အလုပ် လုပ်ကိုင်တာသာရှိပြီး  တရားဝင် မြန်မာ အလုပ်သမား စေလွှတ်တာ ကတော့ ယခု မှ စတင်တာဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
အထောက်အထားမစုံ"ဟုဆိုကာ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၈ ဦး ကျန့်ခေါက်ကြေးနှင့်နစ်နာကြေးများပြန်ရ
Sep 06, 2025
Cover
ထိုင်း Home Rich Full စက်ရုံတွင် အလုပ်သမားများ ကျန်းမာရေးနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်နေရ
Sep 06, 2025
Cover
Everlao ဦးထုပ်စက်ရုံ စစ်ဆေးမှုအား လိမ်ညာခိုင်းပြီး၊ လျှော်ကြေး‌ရမှ နေရပ်ပြန်လွှတ်မယ်ဟု ခြိမ်းခြောက်
Sep 05, 2025
Cover
အခွန်ဆောင်ရသည့်အတွက် လာအို စက်ရုံမှာ တနေ့ ၂ နာရီ အပိုလုပ်ခိုင်း၊ မြန်မာ အေဂျင်စီက ပွဲခယူ၊ လျှော်ကြေးတောင်းဟုဆို
Sep 05, 2025
Cover
အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၃၀ ကျော်အဖမ်းခံရ
Sep 03, 2025
Cover
ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၃၀ ကျော်ကို နေရပ်ပြန်ပို့
Sep 02, 2025
Cover
ရွှေ့ပြောင်းလုပ်သားများ၏ ကလေးများ အားလုံးပညာသင်ကြားခွင့်ပေးရန် ထိုင်းပညာရေးဝန်ကြီးညွှန်ကြား
Aug 29, 2025
Cover
နိုင်ငံကူးလက်မှတ်စာအုပ်ဖိုး ၅၀၀၀ ကျပ်တိုးမြှင့်ကောက်ခံမည်
Aug 28, 2025