NEWS

တရုတ်မယားအဖြစ် လူကုန်ကူးသူတွေကို အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်မှ နှစ်၂၀ စီချ

CoverLogo
346 Views
မြန်မာအမျိုးသမီး တွေ ကို တရုတ်ဇနီးမယား ပြုလုပ်ဖို့ လူကုန်ကူး ပို့ဆောင် ရောင်းစားခဲ့သူတွေ ကို အလုပ်နှင့် ထောင်ဒဏ် ၁၀နှစ်မှ နှစ်၂၀အထိချမှတ် ခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှသိရပါတယ်။
 
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ထန်းတပင်ကျေးရွာနေ ဇော်မင်းဆန်းနှင့် မသော်တာမင်း (လိပ်စာတူ)နေသူတို့က နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ထန်းတပင်ကျေးရွာနေ မ---၊ ၄၂/၂၀၂၄ နှစ်အား
တရုတ်အမျိုးသားနဲ့ လက်ထပ်ရန်တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့တဲ့ အတွက် လယ်ဝေးခရိုင် ဒက္ခိဏသီရိမြို့နယ် ဧည့်ဂေဟာနယ်မြေရဲစခန်း (ပ) ၅၉/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့တယ်လို့သိရပါတယ်။
 
အလားတူ ရှမ်းပြည်နယ် မူဆယ်မြို့ မန့်ဝိန်းနယ်မြေ စွမ်းစော်ရပ်ကွက် “ကောင်း” ဟိုတယ်ဝင်း ဆိုင်ကယ်ဂိုဒေါင်နေ အောင်ဆန်းဦးက ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်ခရိုင် နမ့်ဖက်ကာမြို့နယ် ရီယာန်ကျေးရွာနေ မ ---၊၁၇/၂၀၂၅ နှစ် ကို တရုတ်အမျိုးသားနဲ့ လက်ထပ်ရန် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့တဲ့ အတွက် မူဆယ်မြို့မရဲစခန်း (ပ)၃၉/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က) /၄၄ ဖြင့် အမှုရေး ဖွင့်တရားစွဲတင်ခဲ့တယ်လို့ သိရပါတယ်။
 
အမှုစစ်ဆေးပြီး အပြစ်ရှိကြောင်းထင်ရှားတဲ့ အတွက် တရားခံ ဇော်မင်းဆန်းနှင့် မသော်တာဝင်းတို့နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန်လယ်ဝေးခရိုင်တရားရုံး မှ ဧပြီ၂၉ရက်က အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မဥမ္မာထွေး(ခ) မထွေး(ခ) ယွန်းငယ်အား ရာဇဝတ် ကျင်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရပါတယ်။
 
ဒါ့အပြင် တရားခံ အောင်ဆန်းဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် မူဆယ်ခရိုင်တရားရုံးဧပြီ ၂၈ရက်က အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ဒေါ်ဝင့်ဝါထွန်းနှင့် ဒေါ်နန်းအေးဆေးတို့ နှစ်ဦးအား ရာဇဝတ်ကျင်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရပါတယ်။
 
မြန်မာ အမျိုးသမီး ငယ်များ ကို ငွေကြေးဗန်းပြ ပြီး တရုတ်မယား အဖြစ် ပို့ဆောင် ရောင်းစားခံရမှု မှာ စစ်ကောင်စီ လက်ထက် မှာ ပိုများပြားလာပေမယ့် ပို့ဆောင်ရောင်းစားသူတွေကို ဖမ်းဆီးရရှိတဲ့ပမာဏ မှာ အလွန် နည်း နေကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။
 

Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025