NEWS

တရုတ်မယားအဖြစ် ရောင်းစားခံရသဖြင့် ကယ်တင်ပေးဖို့ အကူအညီတောင်းခံမှုတွေရှိနေ

CoverLogo
571 Views
တရုတ်နိုင်ငံအတွင်း အလုပ်ရမည်ဆိုကာ သွားရောက်ရာကနေ တရုတ်မယားအဖြစ်ရောင်းစားခံရကာ လူကုန်ကူးခံရတဲ့အတွက် ကူညီကယ်တင်ပေးရန် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံကို အကူညီတောင်းခံထားသူ များစွာရှိတယ်လို့ သိရပါတယ်။
အဆက်အသွယ်တောင်းခံသူတွေထဲမှာ လူကုန်ကူးခံရသူကိုယ်တိုင် လူကုန်ကူးမှုတားစီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံကို ဆက်သွယ်အကူအညီတောင်းခံတာရှိသလို လူကုန်ကူးခံရတဲ့ သူရဲ့ မိသားစုဝင်တွေက တစ်ဆင့် အကူအညီတောင်းခံတာတွေရှိတယ်လို့ဆိုပါတယ်။
 
ထိုသို့ တရုတ်မယား အဖြစ် ရောင်းစားခံရသူအများစုဟာ အွန်လိုင်းကတဆင့် အလုပ်ကိုင်ရှာဖွေရာကနေ တစ်ဖက်နိုင်ငံကို လူကုန်ကူးခံရသူတွေအများဆုံးဖြစ်တယ်လို့သိရပါတယ်။
 
"အခုလိုဖြစ်စဉ်တွေမှာ အများဆုံးတွေ့ရတာက အွန်လိုင်းကနေ အလုပ်ရှာတာကနေ ရောင်းစားခံရတာ များတယ်။ဒီဘက်မှာ အလုပ်ကိုင်ရှားပါးတာ ဝင်ငွေနည်းတာကို ပွဲစားတွေ လူကုန်ကူးတဲ့ သူတွေ က အခွင့်ကောင်းယူပြီး လိုင်းပေါ်မှာ လစာတွေ ကို မက်လုံးပေးပြီး ကြော်ငြာတယ် ဒီအပေါ်မှာ ယုံမှား မိတဲ့ သူတစ်ချို့က အခုလို တစ်ဖက်နိုင်ငံကို တရုတ်မယား အဖြစ်ရောင်းစားခံရတာ တွေ ဖြစ်လာတာများတယ် "လို့ လူကုန်ကူးမူတားဆီးနိုင်ငံရေးရဲတပ်ဖွဲ့ဝင် တစ်ဦး ကအခုလိုပြောထားပါတယ်။
တရုတ်နိုင်ငံကို လူကုန်ကူးခံရတဲ့အတွက် အကူအညီတောင်းခဲ့လာမှုတွေကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကတရုတ်နိုင်ငံ ရွှေလီလူကုန်ကူးမှူတိုက်ဖျက်ရေးရုံးနဲ့ ချိတ်ဆက်ပြီး နေရပ်ကိုပြန်လည်ခေါ်ဆောင်ပေးတာတွေရှိတယ်လို့ဆိုပါတယ်။
တရုတ်နိုင်ငံအတွင်းကို လူကုန်ကူးခံရတဲ့အတွက် ယမန်နှစ်ကအကူအညီကောင်းတောင်းခံထားသူ အမျိုးသမီး ၃၀ ဦးရှိပြီး ၂၆ ဦးကို ပြန်လည်ခေါ်ယူပေးနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။
 
ယခုနှစ်မှာတော့ အကူညီတောင်းခံထားသူ ၇ ဦးရှိပြီး နှစ်ဦးကိုတော့ ရှာဖွေကယ်ဆယ်နိုင်ခဲ့ ကာ ကျန်ရှိသေးတဲ့သူတွေကိုလည်း ဆက်လက်ခေါ်ဆောင်ပေးဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
 
ပြည်တွင်းမှာ လုပ်အားခနည်းပါးတာ ကြောင့် အလုပ်လုပ်နေပေမဲ့ စားဝတ်နေရေး ဖြေရှင်းဖို့ ခက်ခဲလာနေပြီး အလုပ်လုပ်ကိုင်နိုင်တဲ့ အရွယ်ရောက် အမျိုးသမီး အမျိုးသားတွေဟာ ပြည်ပ လုပ်ငန်းခွင်တွေ နဲ့ နယ်စပ်တွေမှာ သွားရောက်လုပ်ကိုင်မှုတွေများပြားနေတာဖြစ်ပြီး အချို့က ပစ်မှတ်ထား လိမ်လည်ခံရတာနဲ့ လူကုန်ကူးခံရတာတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026