NEWS

တရုတ်နိုင်ငံ SHANGCHENG Garment မှ မြန်မာလုပ်သား ၂၀၀ ခန့် နေရပ်ပြန်

CoverLogo
834 Views
 
တရုတ်နိုင်ငံ၊ ယူနမ်ပြည်နယ်၊ ရင်ကျန်းမြို့ ၊ စက်မှူဇုန်(၄)မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ မြန်မာလုပ်သားတွေထဲက ၂၀၀ လောက်နေရပ်ပြန်သွားကြတယ်လို့ မြန်မာနိုင်ငံ အလင်းသစ် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (NLF-Myanmar) တွဲဖက် ဥက္ကဋ္ဌက ပြောပါတယ်။
 
SHANGCHENG Garment စက်ရုံကို အလုပ်သမားတွေက အချက် ငါးချက်ကို ဆန္ဒပြ တောင်းဆိုခဲ့ပြီး စက်ရုံဘက်က လိုက်လျောတာမရှိဘဲ တရုတ်ရဲ ခေါ်ယူ ခြိမ်းခြောက်မှုတွေရှိခဲ့လို့ တောင်းဆိုမှုတွေမှာ ခေါင်းဆောင်ခဲ့သူတွေလို့ ယူဆရတဲ့ မြန်မာလုပ်သား ၂၀၀ လောက် မြန်မာနိုင်ငံဘက် ပြန်သွားခဲ့ကြတာလို့ သိရပါတယ်။
 
မြန်မာနိုင်ငံသား အလုပ်သမားတွေ အများဆုံး ခေါ်ယူ လုပ်ကိုင်ခိုင်းနေတဲ့ SHANGCHENG Garment စက်ရုံက လုပ်ခလစာ နှိမ်ပြီးပေးတာ၊ အလုပ်ချိန် တနေ့ ၁၂ နာရီကျော် လုပ်ကိုင်ခိုင်းတာ၊ အလုပ်သမားအသုံးပြုတဲ့ အိမ်သာ တွေ ညစ်ပတ်တာ၊ သုံးရေ အသုံးပြုဖို့ ခက်ခဲတာ၊ ထမင်း ဝဝလင်လင် မကျွေးတာ၊အထည် စံချိန်တွေ မတရား တောင်းတာ၊ စံချိန်မပြည့်လို့ အချိန်ပိုခိုင်းစေပြီ လုပ်ခမပေးတာနဲ့ စည်းကမ်းချက် ဖောက်ဖျက်တယ်ဆိုပြီး အလုပ်သမားတွေရဲ့ လုပ်ခလစာကို ဖြတ်တောက်တာတွေ ပြုလုပ်တယ်လို့ အလုပ်သမားတွေက ပြောဆိုထား ပါတယ်။
 
စက်ရုံဘက်က ဒီလိုချိုးဖောက်မှုတွေရှိလို့ အချိန်ပိုအိုတီကြေးပေးဖို့၊ အခြေခံ လစာ ယွမ် ၁၆၀၀ ပေးဖို့၊ ခရီးစာရိတ် ယွမ် ၃၀၀ မဖြတ်ဖို့၊ တနင်္ဂနွနေ့တွေကို အလုပ်ပိတ်ပေးဖို့ ၊ အစားအသောက် စီစဉ်ပေးဖို့ စတဲ့ အချက် ၅ ချက်ကို အလုပ်သမားတွေက စုပေါင်းတောင်းဆိုခဲ့ကြတာလို့ သိရပါတယ်။
 
အဲဒီတောင်းဆိုမှုတွေကို SHANGCHENG Garment စက်ရုံထဲမှာပဲ အလုပ်သမား ၉၀၀ ကျော်က မတ်လ ၁၇ ရက်မှာ တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ စက်ရုံဘက်က ခရီးစာရိတ် ယွမ် ၁၀၀ သာလျှော့ပေးပြီး ကျန်တဲ့အချက်ကို မလိုက်လျောခဲ့ဘဲ ဆန္ဒပြကာလအတွင်း တရုတ်ရဲတွေကို ခေါ်ယူ ခြိမ်းခြောက်ခဲ့တာလို့ အလုပ်သမားတွေက ပြောကြားပါတယ်။
 
SHANGCHENG Garment စက်ရုံက တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး မြန်မာအလုပ်သမား ၁၀၀၀ ကျော်က NANIIREN၊ FS 09 တံဆိပ် အင်္ကျီအထည်တွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။

Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026