NEWS

တရုတ်နိုင်ငံ ​ရွှေလီကို အလုပ်သွားလုပ်ရန်ကြိုးပမ်းသူ​တွေ မူဆယ် မှာ​သောင်တင်​နေ

CoverLogo
500 Views

ရွှေလီ မြို့ရှိ အသိ မိတ်ဆွေ ဖြစ်သူ ရဲ့ ခေါ်ဆောင်မှုကြောင့် တရုတ်နိုင်ငံ ကိုသွားရောက်ရန် လုပ်ဆောင်ရာမှာ မူဆယ် မြို့မှာ တစ်လကျော် ကြာ သည်အထိ မသွားရတဲ့ အတွက် အခက်အခဲ​ဖြစ်ရတဲ့အလုပ် သမား ရာနဲ့ချီရှိ​နေတယ်လို့ သိရပါတယ်။ 

နေရပ်ကိုပြန်မည် ပြုလုပ်သော်လည်း ပွဲစားဆိုသူက မှတ်ပုံတင် တွေ သိမ်းထားတဲ့အပြင်ခြိမ်းခြောက်ပြောဆိုတာတွေ ရှိတဲ့ အတွက် အလုပ်သမားအဖွဲ့စည်းဖြစ်တဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM) ကို အကူညီတောင်းကာနေရပ်ပြန်ဖို့စီစဉ်ခဲ့ရတယ်လို့ ၎င်းအလုပ်သမားအဖွဲ့ထံက သိရပါတယ်။ 

ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ် အိမ်မဲကြီးရှိ အထည်ချုပ် လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မ------- မှာ ၂၀၂၄ခုနှစ် ၈လ ပိုင်း က ရွှေလီ မှာ အလုပ်လုပ်နေတဲ့ အသိမိတ်ဆွေ ဖြစ်သူက လာရောက်ရန် ဖိတ်ခေါ်ခဲ့ပြီး လာရောက်မည်ဆိုပါက ပွဲစားခ ၂သိန်းခွဲသာ ကုန်ကျ မှာ ဖြစ်တယ်လို့ ပြောဆိုခဲ့တယ်လို့သိရပါတယ်။ 

ဒါကြောင့် မ------အပြင် အခြား သွားရောက်လိုသူ  မိတ်ဆွေ လေးဦးနဲ့ အတူ ပွဲစားခ အဖြစ်စုစုပေါင်း ၁၂သိန်းခွဲ ကို ရွှေလီမှ မိတ်ဆွေ ဖြစ်သူထံ လွှဲပေးခဲ့တယ်လို့ သိရပါတယ်။ 

စက်တင်ဘာ ၁၂ရက်နေ့ မှာမူဆယ် ကို သွားရောက်ရန် ပြင်ဆင်ထားပေမယ့် တောင်ကြီး မြို့မှာ ရေကြီးနေတဲ့ အတွက် စက်တင်ဘာ၁၆ရက် မှာ အောင်မင်္ဂလာအဝေးပြေး မှ စတင်ထွက်လာခဲ့ဆယ်လို့ဆိုပါတယ်။ 

ကားဝန်း မှ ထွက်လာရာမှာ ၎င်းတို့ငါးဦးအပြင်အယောက် ၆၀ ခန့်ရှိကာ  တောင်ကြီးကနေ တစ်ဆင့် ကားခြောက်စီးဖြင့် လားရှိုးမြို့ ထို့နောက် မူဆယ်ကို ၂၅ရက်နေ့ မှာ ရောက်ခဲ့တယ်လို့ သိရပါတယ်။ 

လမ်းခရီးတစ်လျှောက် ကားခနဲ့ဟိုတယ် ခမှ လွဲ ပြီး ကျန်တဲ့ ကုန်ကျစားရိတ်ကို သွားရောက်သူတွေက အကုန်ကျခံရတာဖြစ်ပြီး  မူဆယ် မြို့သို့ရောက်သောအခါ ကောင်းမှုစုံရပ်ကွက်ရှိ ဆန်ဂိုဒေါင်မှာ ခေတ္တ ​နေထိုင်ဖို့ နေရာချထားပေးခဲ့တယ်လို့ သိရပါတယ်။ 

ရွှေလီမှ မိတ်ဆွေ ဖြစ်သူ စတင်ပြောခဲ့စဉ်က ရွှေလီကို ရောက်ရှိ ရန် နှစ်ပတ်သာ စောင့်ဆိုင်းရမှာ ဖြစ်တယ်လို့ ပြောခဲ့ပေမယ့် လက်ရှိအချိန်ထိ ယင်းဂိုဒေါင်မှာ နေထိုင်နေရတဲ့ အပြင် စောင့်ဆိုင်းစဉ်ကာလ အတွင်းထမင်းစရိတ် ယွမ် ၃၀ပေးရမှာ ဖြစ်ပြီး ရွှေလီ မှာ အလုပ်ရပါကထမင်းစရိတ်ယွမ်၃၀အတွက်  ပြန်လည်ဖြတ်တောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

စောင့်ဆိုင်းနေစဉ်ကာလ နဲ့ပက်သက်ပြီး ပွဲစားဆိုသူက ပြောရာမှာ နေရပ်ကို ပြန်လိုပါက ကျွေးမွေးထားသည့်ကုန်ကျစရိတ် ကားခ​ ပေးချေမှ သာပြန်လွှတ် နိုင်မှာဖြစ်ကာ ရွှေလီဘက်ကို အမြန်ဝင်လိုပါက ယွမ် ၁၈၀၀ ချက်ချင်းပေးရမယ်လို့ ပြောကာ  ရောက်လာသူတွေရဲ့ မှတ်ပုံတင် တွေ ကို သိမ်းထားတဲ့ အတွက် နေရပ်ပြန်လိုသူတွေ အခက် တွေ့နေတယ်လို့ သိရပါတယ်။ 

""  နေရပ်ကို ပြန်ချင်တဲ့ ကောင်မလေးက ကျွန်မတို့ဆီ ကို ဆက်သွယ်အကူညီတောင်းလာတယ် အချက်အလက်အတိအကျနဲ့ တိုင်လာတဲ့ အတွက် ကျွန်မတို့က မူဆယ်က လူကုန်တားရဲတပ်ဖွဲ့ ကို ချိတ်ဆက်ပေးလိုက်တယ် အခုလို တိုင်ရမလားဆိုပြီး အဲ့ ကောင်မလေးကို ပွဲစားဆိုတဲ့သူက  အခန်းပိတ် ရိုက်မယ်နှက်မယ် လုပ်တဲ့ အချိန် လူကုန်တား က ရောက်သွားတဲ့ အတွက် ဘေးကင်းသွားတယ် ပွဲစားကို   လူကုန်တားရဲကခေါ်ပြီး အဲ့ကလေးမရဲ့ မှတ်ပုံတင် ကိုပွဲစားဆီက ပြန်တောင်းပေးတယ် ရန်ကုန်ကို ပြန်လာဖို့ လမ်းစရိတ်ကိုတော့ ကျွန်မတို့ STUM ကနေ ထောက်ပံ့ပေးထားတယ် အခု ဖြစ်စဉ်ဟာ လူကုန်ကူးမှုမြောက်ပါတယ် အဲ့ကလေးမ ဒီကိုပြန်ရောက်မှ သူရဲ့ ထွက်ဆိုချက်ကို ကြည့်ပြီး အမှုကိစ္စ လုပ်ကမှာပါ ""လို့ သွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ်မြန်မာ(STUM)မှ တာဝန်ရှိသူတစ်ဦးကိုMLNကိုပြောပါတယ်။ 

ယခုပြန် ရောက်လာတဲ့ အမျိုးသမီးနဲ့ အတူ   မူဆယ် မြို့ရှိ ဆန်ဂိုဒေါင်မှာ  တရုတ် ရွှေလီ ကို သွားရောက် ဖို့ အတွက် စောင့်စိုင်းနေရ သူ အယောက် ၂၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ 

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026