NEWS

တရုတ်နိုင်ငံအတွင်း အလုပ်လုပ်ရန် TBP တုံကင်တန်းစီသူ စံချိန်တင်များပြား

CoverLogo
803 Views
 
တရုတ်နိုင်ငံအတွင်း ဝင်ရောက် အလုပ်လုပ်ကိုင်ဖို့ TBP ကတ်အတွက် တုံကင်တန်းစီသူ ပြီးခဲ့တဲ့ အပတ်တွင်း စံချိန်တင်များပြားခဲ့တယ်လို့ မူဆယ်ဒေသခံ ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ပြီးခဲ့ ဇန်နဝါရီ ၇ ရက်က တုံကင်တန်းစီတဲ့ လူဦးရေ ၈၀၀၀နီးပါး ရှိခဲ့တာကြောင့် မူးမေ့သူ ၁၅ ဦးနဲ့ အထက်အထိ ရှိခဲ့တယ်လို့လည်း တုံကင်အတွက် ကူညီပေးနေတဲ့ ကမ်းလက်ကူညီပရဟိတအသင်းဆီက သိရပါတယ်။
 
“တုံကင်ပေးတဲ့နေရာမှာ လူအရမ်းများပြီး မူးလဲတာတွေပါ ရှိတယ်။ တော်ဝင်မိသားစုဆေးရုံက ဆရာဝန်၊ သူနာပြု တွေနဲ့ အသင်းနဲ့ ပူပေါင်းပြီး ၁၅ ယောက်ကျော်ကို ပြုစုပေးခဲ့တယ်။ တုံကင်အတွက်တော့ နိုင်ငံသားကတ် ရှိရင် ဘယ်သူမဆို လာယူနိင်ပါတယ်”လို့ အသင်းတာဝန်ရှိသူက ပြောဆိုပါတယ်။
 
အရင်က TBP တုံကင်တန်းစီသူ အများဆုံး ၆၀၀၀ ကျော်အထိသာရှိခဲ့ပေမဲ့ ပြီးခဲတဲ့ ဇန်နဝါရီ ၇ရက်မှာတော့ တုံကင် တန်းစီသူ ၇၉၀၀ကျော်အထိ စံချိန်တင် များပြားခဲ့တယ်လို့ လို့ ကူညီရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
 
အဲဒီနေ့က တန်းစီသူတွေထဲမှာ မူဆယ်ဒေသခံ တထောင်ကျော်ပါ၀င်ပြီး ကျန်တဲ့သူတွေက စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တွေက လာရောက်သူတွေဖြစ်ပြီး တရုတ်နယ်စပ်က ဥယျာဉ်ခြံ၊ စိုက်ပျိုးရေး၊ စက်ရုံ၊ အလုပ်ရုံတွေနဲ့ အရောင်းအ၀ယ်လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ ဝင်ရောက်ကြတာလို့ သိရပါတယ်။
 
ပြည်တွင်း အလုပ်အကိုင် ရှားပါးမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ယာယီ ၀င်ထွက်သွားခွင့်ကတ် (TBP)နဲ့ တရုတ်နိုင်ငံအတွင်း ၀င်ရောက်နေကြတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
 
၇ ရက် သက်တန်းရှိ တခါသုံးကတ်(TBP)နဲ့ တရုတ်နိုင်ငံဘက်ကို ဝင်ရောက်နိုင်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှ စတင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်က ဝင်ရောက်သူများပြီး ကတ်ရဖို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွေနဲ့ ညအိပ်တန်းစီမှုတွေရှိလာလို့ ကြိုတင် စာရင်းကောက်ယူပြီး တပတ်ရက်ချိန်း တုံကင်တွေ ထုတ်ပေးတာကို စက်တင်ဘာ ၁၇ ရက်က စတင်ခဲ့တာလို့ သိရပါတယ်။
 
TBP ကတ်နဲ့ ဝင်ထွက်ခွင့်ကို မူဆယ်မြို့ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်တွေမှာ စက်တင်ဘာ ၄ ရက်က စတင် ခွင့်ပြုခဲ့ပြီး TBP ကတ်အတွက် မြန်မာနိုင်ငံသားကတ်(မှတ်ပုံတင်) မူရင်းလိုအပ်ပြီး ငွေကျပ် ၂၀၀၀ ထက် မပိုတဲ့ နှုန်းထားနဲ့ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026