NEWS

တရုတ်နိုင်ငံသားမှ မြန်မာမိန်းကလေးငယ် နေအိမ်အထိ လာရောက်ပြီး မိန်းမလာ တောင်းသည့် ဗီဒီယို ဖိုင် လူမှုကွန်ယက်တွင် ဝေဖန်မှု မြင့်တက်နေ

CoverLogo
1.2K Views
 
တရုတ် နိုင်ငံသား မှ မိန်းကလေးငယ်တစ်ဦး ရဲ့ နေအိမ် အထိ လာရောက်ပြီး မိန်းမ တောင်းတဲ့ ဗီဒီယို ဖိုင် တစ်ခုမှာ လူမှုကွန်ယက် တွင် ဝေဖန်မှု မြင့်တက်နေပါတယ်။
၎င်းဗီဒီယို ထဲ တွင် တရုတ်နိုင်ငံသားနဲ့ စကားပြန် မြန်မာအမျိုးသမီး တို့က မိန်းကလေးငယ်ရဲ့ နေအိမ် ကို လာရောက်ကာ မိန်းကလေးငယ် မှာ ချစ်စရာကောင်း ကြောင်း တရုတ်နိုင်ငံသား မှသဘောကျနေကြောင်း မိန်းကလေးငယ်ရဲ့ မိသားစု ထံ ရင်းနှီးအောင် စကားပြောဆို ကာ မိသားစုဝင် တွေ ကို မုန့်ဖိုးဆိုကာ ငွေအနည်းငယ် ပေးနေတာတွေ့ရပါတယ်။
စကားပြန်ဆိုသူနဲ့ လိုက်ပါလာသူက ယခုတရုတ် နိုင်ငံသားမှာ မြန်မာနိုင်ငံကို အိမ်ထောင်ဖက် လာရှာတာ ဖြစ်ကြောင်း အကယ်၍ မိဘများ မှ မိန်းကလေးငယ်နဲ့ ပေးစားရန် သဘောတူပါက ပြောနိုင်ကြောင်းနဲ့ မိဘတွေထံ ကျေနပ်စရာ ဖြစ်အောင် တင်တောင်းပေးမှာ ဖြစ်ကြောင်း နဲ့ နောက်ရက်များတွင် လည်း အိမ်လာလည်မှာ ကို ခွင့်ပြုပေးစေလိုကြောင်း ဗီဒီယိုထဲ မှာ ပြောကြားထားတာတွေ့ရပါတယ်။
ယခုဗီဒီယိုဖိုင် လိုင်းပေါ်မှာ ပျံနှံ့လာပြီး ဝေဖန်သူ ရှုတ်ချသူတွေ များခဲ့ပြီး လက်ရှိကာလ မှာ လည်း တရုတ်မယား အဖြစ် ငွေပေးစည်းရုံးတာတွေ အဖြစ်များနေတဲ့ အတွက် မြန်မာအမျိုးသမီးငယ်များအတွက် စိုးရိမ်သူတွေလည်း များနေပါတယ်။
""ဘယ်သူမှ အလကားသက်သက် ကို့အိတ်ထဲကပိုက်ဆံအကုန်မခံပါဘူး ဒီတရုတ်က သူလိုချင်နေတာရှိလို့ သူသဘောကျနေတာရှိနေလို့ ခလေးမလေးရဲ့မိသားစုကိုပိုက်ဆံတွေပေးပြီးလာစည်းရုံးနေတာပါ မိဘတွေ စဥ်းစားဆင်ခြင်သင့်ပါတယ် ကလေးမလေးတွေကအမျိုးကောင်းသမီးလေးတွေပါ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ တရုတ်လက်ထဲမရောက်စေချင်ဘူး""လို့ လူမှုကွန်ယက်သုံးစွဲသူတစ်ဦးကဝေဖန်ရေးသားထားပါတယ်။
ထပ်မံပြီး လူမှုကွန်ယက် တွင် အွန်လိုင်းသုံးစွဲသူတစ်ဦးက""တရုတ် မယားရှာတာ မြန်မာပြည် ထဲထိမဟုတ်ဘူး ရပ်ထဲရွာထဲ ကနေ အိမ်ထဲ ထိ ရောက်လာကြပြီး အခုကိစ္စကို လဝကအက်နဲ့ လူကုန်တားပုဒ်မနဲ့ အရေးယူသင့်တယ် ပါဝင်ပက်သက်တဲ့ စကားပြန်ပေးသူကိုလည်း တာဝန်ရှိသူတွေ ဘယ်လိုအရေးယူမလဲ အရေးမယူဘဲ ဒီတိုင်းဘဲ ထားမှာလား သိချင်မိတယ်""လို့ ဝေဖန်ရေးသားထားပါတယ်။
မကြာသေးခင်ရက်ပိုင်းကလည်း မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်းဒေသကြီးအချို့က အမျိုးသမီးငယ် ၆ ဦး ကို တရုတ်မယား ပြုလုပ်ရန် အတွက် ငွေပေးစည်းရုံး သွေးဆောင်ဖျားယောင်းသူတွေ ကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါသေးတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်ခြင်းကြောင့် အခြေခံလူတန်းစားများမှာ စားဝတ်နေရေး အခက်ခဲ အကြပ်တည်း တွေ ပိုမိုရင်ဆိုင်နေရတာကို အခွင့်ကောင်းယူကာ ပွဲစားများက နည်းအမျိုးမျိုးနဲ့သိမ်းသွင်းပြီး မြန်မာအမျိုးသမီးများ ကို တရုတ်မယားအဖြစ်ရောင်းစားမှု တွေ ယခင်ထက်အဆများစွာ ဖြစ်ပေါ်လျက်ရှိပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026