NEWS

တရုတ်နိုင်ငံတွင် မြန်မာလုပ်သားများအား လစာလျှော့ချပြီး အလုပ်ထုတ်နေ

CoverLogo
840 Views

တရုတ်နိုင်ငံဘက်မှာ  မြန်မာအလုပ်သမားတွေ လစာလျှော့ချခံရပြီး အလုပ်ထုတ်ခံတာတွေ အခုရက်ပိုင်းအတွင်း ဆက်တိုက် ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတဦး က ပြောပါတယ်။ လုပ်သားနည်းပါးချိန်က လုပ်ခလစာကောင်းပေမဲ့ လက်ရှိ လျှော့ချနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


“လုပ်သားတွေ သိပ်မရှိတုန်းက တလယွမ် ၂၀၀၀ ကျော်ရနေသူတဲ့သူတွေ၊ အခု ၁၇၀၀ လောက်ပဲ ပေးတယ်။ အကြောင်းအမျိုးမျိုးပြပြီး အလုပ်ထုတ်တယ်၊ လစာလျှော့တယ်၊ အလုပ်ချိန်တိုးပြီး  အချိန်ပိုကြေး မပေးတာတွေ လုပ်တယ်။ တစ်ခုမဟုတ်တစ်ခု ကြုံတွေ့နေရတယ်။”လို့ တရုတ်နိုင်ငံ အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတဦးက ပြောပါတယ်။   


လက်ရှိ မန့်စီ၊ ရင်ကျန်း၊ ရွှေလီနဲ့ ကျန်းဖုန်းမြို့တွေက အထည်ချူပ်စက်ရုံတွေနဲ့ တခြား စက်ရုံအလုပ်ရုံတွေမှာ အခြေခံလုပ်သား များပြားလာတာကြောင့် စက်ရုံတွေဘက်က အချိန်ပိုကြေးမပေးတော့တာ၊  လုပ်ခလစာတွေကို လျှော့ချတာနဲ့ တပတ်ကတ်နဲ့ လုပ်ကိုင်နေသူတွေကို အလုပ်ထုတ်တာတွေပါ ပြုလုပ်လာတယ်လို့ ပြောဆိုပါ တယ်။ ဒါ့အပြင် အလုပ်ချိန် မနက် ၈ နာရီကနေ ည ၉ နာရီအထိ ခိုင်းစေတာတွေနဲ့  လုပ်ငန်းခွင်အတွင်း အဆင်မပြေသူတွေကို အလုပ်ထုတ်တာတွေ ပြုလုပ်လာတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


တစ်ပတ်ကတ်နဲ့ ဝင်ရောက်လုပ်ကိုင်သူတွေ ရက်လွန်ပါက တရုတ်အာဏာပိုင်တွေက ဖမ်းဆီးမှုတာတွေ ရှိလာပြီး ရာဇဝတ်မှု ကျူးလွန်သူတဦး တရုတ်နိုင်ငံဘက်ကို ဝင်ရောက်သွားတယ်ဆိုတဲ့သတင်းတွေကြောင့် တပတ်ကတ်နဲ့ ၀င်ရောက်သူ အနည်းငယ်လောက်သာ ခွင့်ပြုနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ စာအုပ်အနီနဲ့ ဝင်ရောက်သူတွေ ကို ဦးစာပေး ဝင်ခွင့်ပေးနေတယ်လို့လည်း  မူဆယ် ဒေသခံ ပရဟိတအသင်း အဖွဲ့ဝင်တဦးက ပြောပါတယ်။   


ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆/၂၇ ကတည်းက တရုတ်နိုင်ငံထဲ  တခါသုံးကတ်နဲ့ ၀င်ရောက်ခွင့်ရထားသူတွေမှာ မတ် လ ၃ ရက်အထိ ဝင်ခွင့်မရသေးဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ကာလတွေက တခါသုံးကတ်နဲ့ ဝင်ရောက်ခွင့် ရသူ တွေဟာ အလုပ်ရှင်ထောက်ခံချက် နဲ့  QR လုပ်ပေးပြီး တစ်နှစ်အထိ နေထိုင်ခွင့်ပြုပေးပါတယ်။ အခုရက်ပိုင်းမှာ တော့  QR လုပ်ပေးတာ မရှိတော့လို့ လတ်တလော တရုတ်နိုင်ငံဘက် ဝင်မလာကြဖို့ကို မြန်မာ အလုပ်သမားတွေ နဲ့ ဒေသခံတွေက သတိပေး ပြောဆိုထားပါတယ်။

Photo - မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ံဘက် သို့ ဝင်ရောက်ဖို့ တန်းစီးနေစဉ် (ပုံဟောင်း)


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026