NEWS

တရုတ်နိုင်ငံတွင် တောင်းဆိုမှုပြုလုပ်ခဲ့သည့် မြန်မာအထည်ချုပ် အလုပ်သမားများ ညှိနှိုင်းမှု မပြေလည်၊ လုပ်သားတချို့ နေရပ်ပြန်မည်

CoverLogo
697 Views
 
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရင်ကျန်းမြို့၊ စက်မှုဇုန် ၄ က တေဟုန်ရှန်ချိန် အထည်ချုပ်စက်ရုံ က မြန်မာ အလုပ်သမား ၉၀၀ ကျော် စုပေါင်းတောင်းဆိုခဲ့ရာ ပြေလည်မှုမရခဲ့ဘူး အလုပ်သမားတွေက ပြောပါတယ်။ မတ်လ ၁၇ ရက်က အချက် ၅ ချက်ကို ဆန္ဒပြထောင်းဆိုခဲ့တာဖြစ်ပြီး ညှိနှိုင်းမှုတွေ အဆင်မပြေခဲ့တာလို့ ဆက်ပြော ပါတယ်။
 
" အဲ့ဒီနေ့မှာပဲ စက်ရုံအလုပ်ရှင်က စက်ရုံထဲကို ပြန်ဝင်ခိုင်းတယ်။ ပြန်မဝင်ကြဘူး။ အဆောင်ကိုပဲပြန်ကြတယ်။ အလုပ်ရှင်က ခေါင်းဆောင်တွေ ထွက် ညှိမယ် ပြောတယ်။ အလုပ်သမား ခေါင်းဆောင်ဆိုပြီး မထွက်ရဲဘူး။ အောစူပါ၊ စူပါတွေနဲ့ပဲ ညှိမယ် အစည်းဝေးလုပ်မယ်ဆိုလည်း မလုပ်ဖြစ်ခဲ့ဘူး။ ၁၈ ရက်မှာ အလုပ်သမားတွေ အလုပ် ပြန်ဝင်ရတယ်။ အလုပ်ဝင်တော့ တောင်းဆိုထားတဲ့ ၅ ချက်ထဲက နံပါတ် ၃ အချက် ကားခ ယွမ်၃၀၀ ကနေ ၁၀၀ လျှော့ပေးပြီး ၂၀၀ ဆက် ဖြတ်မယ်။ ကျန်တဲ့ အချက်တွေတော့ အလုပ်ရှင်က အဆင်မပြေဘူးဆိုတော့ အလုပ်သမားတွေက လက်ခံနိုင်တဲ့ အလုပ်သမား ဆက်လုပ်တယ်။ အဆင်မပြေတဲ့အလုပ်သမားတွေကတော့ မြန်မာပြည်ပြန်လာ ကြမယ်" လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်ချိန် မနက် ၈ နာရီကနေ ည ၈နာရီခွဲ ထက် ကျော်လွန်လုပ်ကိုင်ရပါက အချိန်ပိုလုပ်ခပေးဖို့၊ အခြေခံ လစာ ယွမ် ၁၆၀၀ ပေးဖို့ တလ ခရီးစရိတ် ယွမ် ၃၀၀ မဖြတ်ဖို့ ၊ တနဂ်နွေ ၄ ရက် အလုပ်ပိတ်ပေးဖို့နဲ့ အစားအသောက် စီစဥ် ပေးဖို့တို့ကို မြန်မာအထည်ချုပ် အလုပ်သမားတွေက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
 
တောင်းဆိုမှုတွေ စတင်ခဲ့တဲ့ မတ်လ ၁၇ ရက်မှာ တေဟုန်ရှန်ချိန် အထည်ချုပ် စက်ရုံဘက်က တရုတ်နိုင်ငံက ရဲ တွေကို ခေါ်ထားပြီး အလုပ်သမားတွေ လုပ်ငန်းခွင်ထဲ ပြန်မဝင်ပါက ရဲ လက် အပ်မယ်၊ မြန်မာနိုင်ငံ ပြန်ပို့မယ် ဆိုပြီး ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တယ်လို့လည်း ဆီက သိရပါတယ်။
 
စက်ရုံအတွင်း မြန်မာအလုပ်သမား ၁၀၀၀ ကျော်လုပ်ကိုင်နေပြီး NANIIREN ကုန်အမှတ်တံဆိပ် ချုပ်လုပ်နေ တယ်လို့ မြန်မာနိုင်ငံအလင်းသစ် အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် NLF_Myanmar ဆီက သိရပါတယ်။

Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026