NEWS

တရုတ်တန်းမီးလောင်မှုကြောင့် မီးဘေးသင့်သွားတဲ့ မြန်မာနိုင်ငံသားတွေ အထောက်အထားများ ပျောက်ဆုံးပါက အမည်စာရင်းပေးဖို့ သံရုံးကြေညာ

CoverLogo
341 Views

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က တရုတ်တန်း မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့တဲ့ မြန်မာ အလုပ်သမား တွေ ထဲ က နိုင်ငံကူးလက်မှတ်နှင့်နိုင်ငံသားအထောက်အထားများမီးလောင်ဆုံးရှုံးခဲ့ ပါက ထိုင်းနိုင်ငံရှိ မြန်မာသံရုံး(ဗန်ကောက်) ကို ဆက်သွယ်ပြီး အမည်စာရင်းပေးပို့နိုင်တယ် လို့ မြန်မာသံရုံးက ဇူလိုင် ၉ရက်နေ့မှာ အသိပေး ကြေညာထားပါတယ်။

ဇူလိုင် ၆ရက် နေ့က ဘန်ကောက်မြို့ရှိ တရုတ်တန်း ခေါ် ရာဝရရပ်ကွက် မှာ   မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တာမှာ  နေအိမ်အဆောက်အဉီးနဲ့ ဆိုင်ခန်းများ မီးလောင်ကျွမ်းခဲ့တာကြောင့် လူပေါင်း ၁၂၀ ခန့် အိုးမဲအိမ်မဲ့ဖြစ်ခဲ့ ကာ မြန်မာနိုင်ငံသားရွေ့ပြောင်း လုပ်သားတွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၈ရက် နေ့မှာ အဆိုပါ မီးဘေးသင့်ခဲ့တဲ့ မြန်မာ အလုပ်သမားတွေ နေထိုင်တဲ့ ထိုင်းဘုန်းတော်ကြီးကျောင်း ကို မြန်မာသံရုံး မှ တာဝန်ရှိသူတွေ သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အခုလို တွေ့ဆုံရာမှာ မြန်မာနိုင်ငံသား အမျိုးသား ၆ဦး၊ အမျိုးသမီး၅ဦး ကလေးငယ် ၁ဦး စုစုပေါင်း ၁၂ဦး မှာ ယင်း ဘုန်းကြီးကျောင်းမှာ ယာယီနေထိုင် နေပြီး ၎င်းတို့ထဲမှ ၃ဦး မှာ နိုင်ငံကူးလက်မှတ်နဲ့ မှတ်ပုံတင်တို့ မီးလောင်ကျွမ်းခဲ့တယ်လို့ဆိုပါတယ်။

မြန်မာသံရုံးအနေနဲ့ အထောက်အထားတွေ ဆုံးရှုံးခဲ့ရတဲ့ မြန်မာအလုပ်သမားတွေ ကို မူလ လုပ်ငန်းခွင်မှာ ဆက်လက်လုပ်ကိုင်ခွင့်ရရှိဖို့ နေအိမ်ငှားရမ်းနေထိုင်နိုင်ရေး တို့အတွက် ထိုင်းဘက် မှ သက်ဆိုင်ရာ တာဝန်ရှိသူတွေ နဲ့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အခုလို မြန်မာသံရုံး က တာဝန်ရှိသူတွေ မီးဘေးသင့် မြန်မာအလုပ်သမား တို့ ကို လာရောက်တွေ့ ဆုံ စဉ်မှာ မတွေ့ရှိခဲ့ရတဲ့ မြန်မာ အလုပ်သမားတွေ အနေနဲ့ နိုင်ငံကူးလက်မှတ်နဲ့ နိုင်ငံသားအထောက်အထားလက်မှတ်များ မီးလောင်ဆုံးရှုံးခဲ့ သူတွေ ရှိပါက မြန်မာသံရုံးကို ဆက်သွယ် အမည်စာရင်းပေးပို့နိုင်တယ်လို့ သံရုံးကအသိပေးထားပါတယ်။

Photo- Bangkok Post

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026