NEWS

တရုတ်ဇနီးမယားအဖြစ်ဝယ်ယူမှုတွေ တရုတ်-မြန်မာနယ်စပ်မှာပေါ်ပေါ်ထင်ထင်ပြုလုပ်လာ

CoverLogo
865 Views
 
တရုတ်ပြည်မှာ တရုတ်ဇနီးမယားအဖြစ်ခေါ်ယူတဲ့ လူကုန်ကူးတဲ့လုပ်ငန်းတွေဟာ တရုတ်-မြန်မာနယ်စပ်မှာ တကျော့ပြန်ကြီးထွားနေပြီး တရုတ်ဇနီးမယားအဖြစ်ခေါ်ယူသူရော လုပ်ကိုင်လိုသူတွေပါ ပေါ်ပေါ်ထင်ထင်ပြုလုပ်လာတာတွေ့ရပါတယ်။
“အရင်တုန်းကတော့ အိမ်ဖော်လုပ်ရမယ်ဆိုပြီးလိမ်ခေါ်တာ။ ခုကမဟုတ်တော့ဘူး။ တရုတ် ယောက်ကျားလုပ်ရမယ်လို့ပေါ်တင်ပြောခေါ်တယ်။ အရင်ကအဲလောက်မဟုတ်ဘူး။ ခုအာဏာသိမ်းပြီးနောက်မှ ပိုများလာတာ။ခေါ်တဲ့သူကလည်းပေါ်တင်ပြောခေါ်တာ။ တရုတ် ယောက်ကျားအဖြစ် ၃လ လုပ်ရတယ်တို့ ဘယ်လောက်လုပ်ရမယ်တို့ ပိုက်ဆံကလစာလည်းမဟုတ်ဘူး သိန်း၁၅၀ပေးမယ်။ ၁၈၀ ပေးမယ်။ ၁၀၀ တည်းနဲ့လုပ်တဲ့သူတွေကိုရှိတယ်။ မိန်းကလေးတွေကိုယ်တိုင်ကိုက လုပ်ချင်လို့ပါတက်တက်အော်နေတော့ စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံကြီးက ဗ်ိုလ်ချုပ်ပြောသလိုပဲ တကယ်ဖြစ်နေပြီလားဆိုတာ ၀မ်းနည်းစရာပါ။ မယုံကြပါနဲ့ဗျာ။ တရုတ်ကပြစ်မှုကင်းချင်လို့ တရား၀င်ယူလိုက်တာ လက်ထပ်ပေးတာပါ။ တကယ်ကကျွန်ကကျွန်လိုခိုင်းတာပါပဲ။ တစ်ချို့တရုတ်သူဌေးတွေဆိုရင် တရား၀င်ယူထားပြီးတော့ ကျွန်လိုခိုင်းတယ် ပြီးတော့ သူတင်မဟုတ်ဘူး။ သူ့ရဲ့မိတ်ဆွေအပေါင်းအသင်း ၃ယောက်လောက်အထိကိုပါ ပေးနေခိုင်းတယ်ဗျ။ မြန်မာမိန်းကလေးတွေမယုံကြပါနဲ့ဗျာ။ သိန်း၁၀၀ကျော်လောက်နဲ့ ကိုယ်တိုင်ရောင်းမစားကြပါနဲ့ ပြီးရင်ဒုက္ခရောက်ပါတယ်”လို့ လက်ရှိအ​ခြေအ​နေကို တရုတ်နယ်စပ်က ကျောက်ပွဲစားတစ်ဦးက ဆိုပါတယ်။
 
လူကုန်ကူးတဲ့ပွဲစားတွေဟာ တရုတ်ဇနီးမယားအဖြစ် ဝယ်ယူဖို့အတွက် Facebook နဲ့ ဝီချက် (WeChat) မူဆယ်-ရွှေလီ-ကျယ်ဂေါင် အလုပ်အကိုင်ဆိုတဲ့ လူမှုကွန်ရက်ဂရု​တွေကနေ ကြော်ငြာခေါ်ယူနေကြတာဖြစ်သလို အဲဒီနေရာတွေကနေ "တရုတ်မယားလုပ်ချင်လို့ပါ အတည်ယူပေးမဲ့သူရှိရင်ဆက်သွယ်ပေး"ဆိုတဲ့ အမျိုးသမီးအလုပ်သမားများစွာ အများအပြား ရှိနေပါတယ်။
အဲ့ဒီလိုလုပ်ဆောင်မှုတွေက ယခင်ကတိတ်တဆိတ်လုပ်ခဲ့ကြတာဖြစ်ပေမဲ့ ယခုစစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံအတွင်းက ပြည်တွင်းအလုပ်အကိုင်ရှားပါးတာတွေနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အိမ်အကူလုပ်လိုတဲ့ မြန်မာအမျိုးသမီးတွေဟာ ငွေအများအပြားနဲ့ တရားဝင် လက်ထပ်ယူမယ်ဆိုတဲ့ မက်လုံးတွေအပေါ်ယုံကြည်သက်၀င်ကာ မြန်မာအမျိုးသမီး အများအပြား လူကုန်ကူးခံနေရတာပါ။
 
“ဒီလိုတွေဖြစ်လာရင် ပြည်မကြီးတွေအထဲထိဆိုရင် ကူညီဖို့ကခက်ခဲပါတယ်။ သူတို့ဆီကအကူညီတောင်းခံလာတာတွေက အများကြီးပါ။ ဒါပေမဲ့လက်လှမ်းမီသလောက်ပဲရတယ်။ ပြီးရင်သူတို့ရှိတဲ့အထောက်အထားက တရုတ်ကအကုန်သိမ်းထားတာ။ တစ်ချို့မိန်းကလေးတွေဆို သားမယားအဖြစ်ကြမ်းကြမ်းတမ်းတမ်းပြုကျင့်ခံရတယ်။ သူတို့တစ်ဦးတင်မဟုတ်ဘူး။ ကလေးလည်းမွေးပေးရသေးတယ်။ အနှိပ်စက်လည်းခံရသေးတယ်။ တရုတ်သူဌေးလူကောင်းက တကယ်ရှားပါတယ်။ တရုတ်အလယ်ပိုင်းမြောက်ပိုင်းတွေအထိဆို ကူညီဖို့တကယ်ခက်ခဲတယ်။ ခြေရာခံလို့မရဘူး။ မလုပ်ကြပါနဲ့”လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
 
မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်ရှားပါးမှုတွေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် မြန်မာအမျိုးသမီးတွေက တရုတ်မြန်မာနယ်စပ်သို့ရောက်ရှိလုပ်ကိုင်ရင်းကနေ မူဆယ်ကနေ တစ်ပတ်ကတ်ဖြင့် ၀င်ထွက်လုပ်ကိုင်ရင်းကနေ တရုတ်နိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရတာတွေ များစွာရှိနေတာဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျလိုလိုလားလားနဲ့၀င်သွားတာတွေလည်း များစွာရှိနေကာ အဆိုပါအမျိုးသမီးတွေက မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဘက်က ကျေးလက်နေပြည်သူတွေအများဆုံးပါ၀င်တယ်လို့သိရပါတယ်။
 
လက်ရှိဖြစ်ပေါ်နေတဲ့ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရခြင်းတွေဟာ ကိုင်တွယ်ဖြေရှင်းရခက်သလို တရုတ်ပြည်မြောက်ပိုင်းအလယ်ပိုင်းလိုနေရာတွေအထိ ရောင်းစားခံရပါက တရုတ်_မြန်မာနှစ်နိုင်ငံ လူကုန်ကူးအဖွဲ့အစည်းတွေ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မယ်ဆိုရင်ကို အင်မတန်ခက်ခဲတဲ့နေရာတွေဖြစ်တာကြောင့် အမျိုးသမီးများအနေနဲ့ ငွေကြေးနဲ့မက်လုံးပေးတဲ့အပေါ် လက်သင့်မခံမိ​စေရန် ​ သတိပေးချင်တယ်လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026