NEWS

တရုတ်ကို တရားဝင်လုပ်သားစေလွှတ်မှု ပြည်ဝင်ခွင့်ဗီဇာပြဿနာကြောင့် ရပ်ထားရ

CoverLogo
681 Views

တရုတ် နိုင်ငံ ယူနယ်ပြည်နယ် လက်အောက်ရှိ တယ်ဟုန်ဒေသ  ကို တရားဝင် မြန်မာအလုပ်သမား စေလွှတ် ဖို့ အတွက် နှစ်နိုင်ငံညှိနှိုင်းခဲ့ပေမယ့် တရုတ်ဘက်ကနိုင်ငံခြားသား အလုပ်သမားတွေ  ကို  ပြည်ဝင်ခွင့်ဗီဇာ မထုတ်ပေး နိုင်တဲ့ အတွက် လုပ်သား ပို့ဆောင်ဖို့ကို ရပ်ထားရတယ်လို့ အေဂျင်စီအသိုင်းဝိုင်းကသိရပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လပိုင်းက အေဂျင်စီ အချို့ တရုတ်ကို  မြန်မာ လုပ်သား စေလွှတ်ခဲ့ပေမယ့် ပြည်ဝင်ခွင့်ဗီဇာ
မရရှိတဲ့ အတွက် အဆင်ပြေသလို လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

"ပထမဆုံး ပို့တဲ့ အသုတ် မှာကတည်းက အလုပ်သမား ဗီဇာ မရလို့ business visa နဲ့ ပို့ရတယ်လို့ ကြားတယ် အခုအဲ့ အသုတ်ပြီးကတည်းက နောက်အေဂျင်စီ တွေလက်ထဲ demand (အလုပ်ခေါ်စာ)တွေရထားပေမယ့် ပို့လို့မရဘူး ဖြစ်နေတယ် ဒါမို့တရုတ်ကို တရားဝင် လုပ်သားစေလွှတ်တာ ရပ်ထားရတယ်"လို့ အေဂျင်စီ မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လတ်တလော နိုင်ငံခြားသားလုပ်သား ခေါ်ယူတာဟာ တရုတ်ပြည်မထဲက မဟုတ်ဘဲ မြန်မာနိုင်ငံ နဲ့ နီးစပ်တဲ့ ယူနန်ပြည်နယ် တဲဟုန်ဒေသက စက်မှုဇုန်တွေမှာ လုပ်ကိုင်ဖို့ အတွက်ဖြစ်တာကြောင့် တရုတ်ပြည်မ ကြီးက ဗီဇာ ထုတ်ပေးဖို့ အဆင်မပြေ ဖြစ်နေတာလို့ ဆိုပါတယ်။

""အရင်ကမြန်မာ လုပ်သား ကို မူဆယ်-ရွှေလီကနေ တပတ်ကတ် နဲ့ ဝင်လာတယ် ယူနန်ပြည်နယ် ထဲ မှာ သူဌေးက နားလည်မှု နဲ့  ပြည်နယ်က အာဏာပိုင်တွေနဲ့ တနှစ်တာဗီဇာပုံစံ လုပ်ပြီး ခိုင်းနေတာ အခု တရားဝင်ပို့မယ်ဆိုတော့ ပြည်မကြီးက ဗီဇာမထုတ်ပေးဘူး ဘာလို့လဲ ဆိုရင် ပြည်နယ် တစ်ခုကိုပဲ ခွင့်ပြုတာလေ တရုတ်ပြည်မကြီးမှာက နိုင်ငံခြားသား general worker မှ မလိုတာ နောက်ပြည်မကြီးမှာက အလုပ်သမားဗီဇာ မရှိဘူး မရှိတော့ အလုပ်သမားတွေ ဘယ်လိုဝင်ရမလဲ တရုတ်သံရုံးက လည်း ဘယ်လိုဗီဇာ ထုတ်ပေးရမလဲ မသိဖြစ်နေတာ အဲ့တော့ အလုပ်ခေါ်စာရထားတဲ့ အေဂျင်စီ တွေ ဘာလုပ်ရမယ်မသိငြိမ်နေရတယ်""လို့ အေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အခုလို ဗီဇာပြဿာနာကြောင့် တရုတ်ကို တရားဝင် လုပ်သားထပ်မံ  စေလွှတ်တာ မရှိ တော့ပေမယ့် ဖေ့ဘွတ်ခ်၊ တစ်တော့  စတဲ့ လူမှုကွန်ယက်စာမျက်နှာတွေကနေ တရုတ် နိုင်ငံကိုလုပ်ငန်း မျိုးစုံ နဲ့ လုပ်သား ပို့ဆောင်ပေးမယ်ဆိုကာ လိမ်လည်တာတွေရှိသလို အထည်ချုပ်လုပ်သား များတဲ့ ရန်ကုန်ရှိ စက်မှုဇုန် တွေ မှာ လက်ကမ်းစာစောင်တွေ နဲ့ အလုပ်ခေါ်စာကြေညာတာတွေရှိနေတယ်လို့ သိရပါတယ်။

"လိုင်းပေါ်မှာ လည်း တရုတ် ကို အထည်ချုပ်နဲ့ သွားရမှာ တရားဝင် MOU ခေါ်တာ ဆိုပြီး လိမ်နေတာ တွေ အတော်များများ တွေ့ရသလို စက်မှုဇုန် မှာ အလုပ်သမား တွေ ကို တရုတ် နိုင်ငံ က အထည်ချုပ် နဲ့ လုပ်သားခေါ်တာ တရားဝင်သွားရမှာ ဆိုပြီး  စာရွက်တွေ နဲ့ ကြေညာ ပြီး ခေါ်တာတွေ အခု လပိုင်းမှာ အတော်များများ တွေ့လာရတယ်လို့"လှိုင်သာယာမြို့နယ်ရှိ အလုပ်သမားတစ်ဦးကပြောပါတယ်။

လက်တလောမှာ မူဆယ်ကနေ တစ်ဆင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ် အောက်ကဒေသတွေ ကို  စာအုပ်နီသို့မဟုတ် တပတ်ကတ် တွေ နဲ့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ကြတာ မှာ အဆင်ပြေသူတွေလည်းရှိသလို လိမ်လည်ခံရတာတွေကြောင့်အခက်လဲ ဖြစ်နေသူတွေ လည်းရှိတယ်လို့ သိရပါတယ်။


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026