NEWS

တရုတ်ကမ်းလွန်ပင်လယ်၌ ကုန်တင်သင်္ဘောမီးလောင်မှုတွင် မြန်မာသင်္ဘောသား ၂ဦးသေဆုံး

CoverLogo
213 Views
 
တရုတ်နိုင်ငံ ကမ်းလွန်ပင်လယ် တွင် စင်္ကာပူ နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ MANDYအမည်ရှိ ကုန်တင်သင်္ဘော မီးလောင်မှု ဖြစ်ပွားခဲ့တာ မှာ သင်္ဘောပေါ်မှာ ပါရှိတဲ့ မြန်မာသင်္ဘောသား ၂ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရသိရပါတယ်။
 
ဖေဖေါ်ဝါရီ ၁၇ရက် ညပိုင်းကဖြစ်ပွားခဲ့တာ ဖြစ်ပြီး ကုန်တင်သင်္ဘောဟာ စင်္ကာပူ မှ တရုတ်နိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းသို့ ဦးတည် ခုတ်မောင်းနေစဉ် အင်ဂျင်ခန်း အတွင်း မီးစတင်လောင်ကျွမ်းခဲ့တယ်လို့ စင်ကာပူ ရေကြောင်းနဲ့ ဆိပ်ကမ်း ကွပ်ကဲရေးဌာန (MPA)က ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
 
၎င်းသင်္ဘောပေါ် တွင် စင်္ကာပူ နိုင်ငံသား တစ်ဦးမှ မပါဝင်ဘဲ မြန်မာနိုင်ငံသား ၂၅ဦး လိုက်ပါ လာခဲ့ ခြင်း ဖြစ်ကာ မီးလောင်မှုကြောင်​့ မြန်မာသင်္ဘောသား ၂ဦးသေဆုံး ခဲ့သလို တတိယ တစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရတဲ့ အတွက် ဆေးကုသမှုခံယူရန် ကမ်းရိုးတန်းဆေးဘက်ဆိုင်ရာ ဌာနသို့ ရွှေ့ပြောင်းပေးခဲ့တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
သင်္ဘောမီးလောင်မှု ကြောင့် ပတ်ဝန်းကျင်ရေထုထိခိုက်ညစ် နွမ်းတဲ့ကိစ္စမျိုးလည်း မဖြစ်ခဲ့ဘူးလို့ MPAက ထုတ်ပြန်ထားပြီး ၎င်းသင်္ဘောကို တရုတ် နိုင်ငံ ယန်ထိုင်(Yantai)ဆိပ်ကမ်းဆီ ဆွဲယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် MPA ကထိခိုက်သေဆုံးခဲ့သူတွေရဲ့မိသားစုတွေနဲ့ထပ်တူဝမ်းနည်းကြောင်း ထုတ်ပြန်ထားကာ လိုအပ်တဲ့ အကူအညီတွေ ပေးရန် သက်ဆိုင်ရာကုမ္ပဏီနဲ့ တရုတ်အာဏာပိုင်တွေထံ ဆက်သွယ်နေတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
Ref-The Straits Times

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026