NEWS

တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသဖြင့် မေတ္တာရိပ် မြန်မာစာသင်ကျောင်းအပါအဝင်စာသင်ကျောင်း ၆ ကျောင်းကို ထိုင်းအစိုးရက ပိတ်သိမ်း

CoverLogo
366 Views

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းကလေးငယ်များကိုစာသင်ကြားပေးနေတဲ့ မေတ္တာရိပ် မြန်မာစာသင်ကျောင်းအပါအဝင် မြန်မာစာသင်ကျောင်း ၆ ကျောင်းကို ထိုင်းအစိုးရက ပိတ်သိမ်း လိုက်တယ်လို့ ထိုင်းသတင်းဌာန တွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းပညာရေးအက်ဥပဒေအောက်တွင်  တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသဖြင့် ဟုဆိုကာ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့က မြန်မာရွှေ့ပြောင်းကလေး တစ်ထောင်ကျော် ပညာသင်နေတဲ့ မေတ္တာရိပ် မြန်မာစာသင်ကျောင်းအပါအဝင်စာသင်ကျောင်း ၆ ကျောင်းကို ထိုင်းအစိုးရက ပိတ်သိမ်း လိုက်တာလို့ သိရပါတယ်။

ကျောင်းတွေပိတ်သိမ်းပြီးနောက် ထိုင်းပညာရေးဝန်ကြီးက တရားမဝင် ဖွင့်လှစ်ထားတဲ့ မြန်မာစာသင်ကျောင်း တွေရှိမရှိ ကို စစ်ဆေးဖို့ဒေသအာဏာပိုင်တွေကို ညွှန်ကြားထားတယ်လို့ ထိုင်းမီဒီယာတွေမှာဖေါ်ပြထားတဲ့အတွက်အခြား မြန်မာရွှေ့ပြောင်းကျောင်းအချို့လည်းစိုးရိမ်မှုတွေရှိနေတယ်လို့သိရပါတယ်။

ထိုင်းအစိုးရကနေ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့သားသမီးတွေ တတ်ရောက် ပညာသင်ကြားနေတဲ့ မြန်မာစာသင်ကျောင်းတွေကို ပိတ်ခိုင်းနေတဲ့ကာလ မှာ အချို့ မြန်မာစာသင်ကျောင်းတွေကို ထိုင်းရဲဟန်ဆောင်ပြီး ပိုက်ဆံတောင်းယူတာတွေရှိတဲ့ အတွက် သတိထားဖို့လိုတယ်လို့ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED) မှ ဦးထူးချစ်မှ သူ့ရဲ့လူမှုကွန်ယက်စာမျက်မှာမှာ အသိပေးထားပါတယ်။

"အခုလို့ မျိူး ထိုင်းအစိုးရအနေနဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားကျောင်းတွေကို ယာယီပိတ်ခိုင်းနေတဲ့ ကာလမှာ မြန်မာတွေဆီက လိမ်လည်ပြီး ပိုက်ဆံရှာစားနေတဲ့ လူတွေရှိတယ်ဆိုတာကိုသတိထားဖို့လိုပါတယ်။သာမန်မြန်မာစာသင်ကျောင်းဆိုရင်တော့ ရဲဆိုတာနဲ့ ကြောက်ပြီး ပိုက်ဆံပေးမိမယ်လို့ ထင်ပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေဆီက ရဲဟန်ဆောင်ပြီး ပိုက်ဆံတောင်းနေတဲ့ လူတွေကို သတိထားဖို့ လိုပါမယ်""လို့ ပညာရေးနှင့်ဖွံဖြိုးတိုးတတ်ရေး ဖောင်ဒေးရှင်း(FED) မှ ဦးထူးချစ်မှသူကြုံတွေ့ခဲ့တာနဲ့ပက်သက်ပြီး  သူ့ရဲ့လူမှုကွန်ယက်စာမျက်မှာမှာ အသိပေးထားပါတယ်။

ထိုင်းနိုင်ငံရှိ မြန်မာစာသင်ကျောင်းတွေ ပိတ်ခံရတာနဲ့ပက်သက်ပြီး မြန်မာ ကလေးငယ်များ ပညာသင်ယူခွင့်ကိုအကာကွယ်ပေး​ရေးကို ထိုင်းလွှတ်တော်မှာ ဆွေးနွေးဖို့ The Fair Party ရဲ့ ထိုင်းလွှတ်တော်အမတ် Kannavee Suebsang ကစက်တင်ဘာ ၉ ရက် မှာ ၎င်းရဲ လူမှုကွန်ယက်မှ တစ်ဆင့်တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ မြန်မာရွေ့ပြောင်းစာသင်ကျောင်း ၆၃ ကျောင်းခန့်ရှိပြီး ပညာသင်နေတဲ့ မြန်မာကလေးငယ် နှစ်သောင်းကျော် ခန့်ရှိတယ်လို့ သိရပါတယ်။


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026