NEWS

တရားမဝင် ဝင်ရောက်သဖြင့် အဖမ်းခံရသည့် မြန်မာလုပ်သားများက ဖမ်းဆီးတဲ့ ထိုင်းအရာရှိ အတွက် မွေးနေ့သီချင်း ဆိုပေးခဲ့

CoverLogo
302 Views
 
ထိုင်းနိုင်ငံ၊ အန်ထောင်ခရိုင်အတွင်း တရားမဝင် ဝင်ရောက် လို့ အဖမ်းခံရတဲ့ မြန်မာလုပ်သားတွေက ဖမ်းဆီးခဲ့တဲ့ ထိုင်းရဲအရာရှိ အတွက် "Happy Birthday" မွေးနေ့သီချင်း စုပေါင်းသီဆိုပေးခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းဌာနတွေရဲ့ ဖေါ်ပြ ချက်အရ သိရပါတယ်။
 
ဇန်နဝါရီ ၁၉ရက် ည၁၁နာရီခွဲ လောက်မှာ ဘန်ကောက်ဘက် ကို ဦးတည်မောင်း နှင်လာတဲ့ သံသယဖြစ်ဖွယ် ပစ်ကပ်ကားနှစ်စီးကို တားဆီးစစ်ဆေးရာမှ တရားဝင်အထောက်အထားမရှိတဲ့ မြန်မာလုပ်သား ၂၂ ဦးနဲ့ ပွဲစား ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
 
မြန်မာလုပ်သားတွေဟာ မြန်မာနယ်စပ်ကနေ ချင်းရိုင်ပြည်နယ် မယ်ဆိုင်က တဆင့် ဝင်ရောက်လာတာ ဖြစ်ပြီး အလုပ်လုပ်ကိုင် ဖို့ မျှော်လင့်ချက်နဲ့ ပွဲစားတွေကို လုပ်သား တစ်ဦးလျှင် ဘတ်၁၃၀၀၀ ခန့်ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
မြန်မာလုပ်သားတွေကို စစ်ဆေးနေချိန် အတွင်းအဝေးပြေးရဲတပ်ဖွဲ့စု မှ တပ်ကြပ်ကြီး ဝီချိုင်ရဲ့ မွေးနေ့ဖြစ်ကြောင်း သိရတဲ့ အတွက် ၎င်းရဲ့ လုပ်ဖော် ကိုင်ဖက် တွေက မွေးနေ့ ကိတ်နဲ့ အံဩ အောင်ပြုလုပ်ပေးခဲ့ရာ ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေက လည်း လက်ခုပ်တီးကာမွေးနေ့သီချင်း ကို ဝိုင်းဝန်းသီဆိုပေးခဲ့တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
အခုလို ဖြစ်ရပ်ဟာ စစ်ဆေးမေးမြန်းနေချိန် အတွင်း ဖြစ်ပေါ်နေတဲ့ တင်းမာမှု တွေ ခေတ္တခဏ ပြေလျော့ သွားသလို ဖြစ်ကြောင်း၊တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၂၂ဦးနဲ့ ကားနဲ့ခေါ်ဆောင်လာပေးတဲ့ ထိုင်းနိုင်ငံသား၂ဦး၊မြန်မာနိုင်ငံသား ၁ဦး တို့ကို ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ ချိုင်ယိုရဲစခန်းသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
 
Ref-Khaosod English
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026