NEWS

တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၈ ​သောင်းကျော် အဖမ်းခံရ

CoverLogo
465 Views

ထိုင်းနိုင်ငံ အတွင်းမှာ  တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေ ကို စီမံချက်နဲ့ ထိုင်းအာဏာပိုင်တွေ က ဖမ်းဆီးတာ မှာ တစ်လကျော် အတွင်း တရားမဝင် မြန်မာရွှေ့ပြောင်း လုပ်သား ၈၀၀၀၀ ကျော် အဖမ်းခံရတယ် လို့  ထိုင်းအလုပ်သမားဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်နဲ့ထိုင်းသတင်းဌာနတွေ ထံ က သိရပါတယ်။ 


ရက်ပေါင်း ၁၂၀ စီမံချက် နဲ့ ဇွန်လ ၅ရက်မှ ဇူလိုင် ၁၁ ရက်နေ့ထိ ရက်ပေါင်း ၃၆ အတွင်းတရားမဝင်
ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၁၀၈,၈၇၅ ဦးဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ 


ဖမ်းဆီးရမိတဲ့  နိုင်ငံအလိုက်အလုပ်သမားတွေမှာ   မြန်မာအလုပ်သမား ၈၀,၉၁၃ ဦး ၊ ကမ္ဘောဒီးယားအလုပ်သမား ၁၆,၅၀၇ ဦး ၊ လာအိုအလုပ်သမား၇,၈၀၄ ဦး ၊ ဗီယက်နမ်အလုပ်သမား၁၀၄  ဦး နှင့် အခြားနိုင်ငံသားအလုပ်သမား၃,၅၄၇ဦးဖြစ်တယ်လို့ ဆိုပါတယ်။ 


၎င်း အဖမ်းခံရတဲ့ အလုပ်သမားတွေထဲ မှ  မြန်မာအလုပ်သမား ၄၇၃ ဦး၊ လာအိုအလုပ်သမား ၁၀၁ ဦး ၊ကမ္ဘောဒီးယားအလုပ်သမား ၇၄ ဦး ၊ ဗီယက်နမ်အလုပ်သမား ၁၄ ဦး၊ အခြားနိုင်ငံ သား ၆၄ ဦးတို့ကို အရေးယူဆောင်ရွက်ပြီးသွားပြီဖြစ်တယ်လို့သိရပါတယ်။ 


အလုပ်လုပ်ကိုင်ခွင့် ဝေါ့ပါမက်မရှိတဲ့အလုပ်သမားနဲ့ လုပ်ကိုင်ခွင့်မရှိတဲ့  အလုပ်အမျိုးအစား တွေ မှာ လုပ်ကိုင်တဲ့ အလုပ်သမားတွေကို  ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ ထိပေးဆောင်ရမှာ ဖြစ်ကာ နေရပ် ပြန်ပို့ခံရပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့် (၂)နှစ်ပိတ်ခံရမှာ ဖြစ်ပါတယ်။ 


အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့  အလုပ်သမားကိုလက်ခံတဲ့ အလုပ်ရှင်အနေနဲ့  အလုပ်သမားတဦးကို ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ထိ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ကာ  ထပ်မံကျူးလွန်မှု တွေ့ရှိပါက ထောင်ဒဏ်အများဆုံး ၁ နှစ် နှင့် ဘတ်ငွေ ၅၀,၀၀၀ မှ ၂၀၀,၀၀၀ ထိ ပေးဆောင်ရပြီးရွှေ့ပြောင်း အလုပ်သမားငှားရမ်းခွင့် ၃ နှစ် ပိတ်ခံရမှာ ဖြစ်တယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026