NEWS

တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၈ ​သောင်းကျော် အဖမ်းခံရ

CoverLogo
303 Views

ထိုင်းနိုင်ငံ အတွင်းမှာ  တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေ ကို စီမံချက်နဲ့ ထိုင်းအာဏာပိုင်တွေ က ဖမ်းဆီးတာ မှာ တစ်လကျော် အတွင်း တရားမဝင် မြန်မာရွှေ့ပြောင်း လုပ်သား ၈၀၀၀၀ ကျော် အဖမ်းခံရတယ် လို့  ထိုင်းအလုပ်သမားဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်နဲ့ထိုင်းသတင်းဌာနတွေ ထံ က သိရပါတယ်။ 


ရက်ပေါင်း ၁၂၀ စီမံချက် နဲ့ ဇွန်လ ၅ရက်မှ ဇူလိုင် ၁၁ ရက်နေ့ထိ ရက်ပေါင်း ၃၆ အတွင်းတရားမဝင်
ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၁၀၈,၈၇၅ ဦးဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ 


ဖမ်းဆီးရမိတဲ့  နိုင်ငံအလိုက်အလုပ်သမားတွေမှာ   မြန်မာအလုပ်သမား ၈၀,၉၁၃ ဦး ၊ ကမ္ဘောဒီးယားအလုပ်သမား ၁၆,၅၀၇ ဦး ၊ လာအိုအလုပ်သမား၇,၈၀၄ ဦး ၊ ဗီယက်နမ်အလုပ်သမား၁၀၄  ဦး နှင့် အခြားနိုင်ငံသားအလုပ်သမား၃,၅၄၇ဦးဖြစ်တယ်လို့ ဆိုပါတယ်။ 


၎င်း အဖမ်းခံရတဲ့ အလုပ်သမားတွေထဲ မှ  မြန်မာအလုပ်သမား ၄၇၃ ဦး၊ လာအိုအလုပ်သမား ၁၀၁ ဦး ၊ကမ္ဘောဒီးယားအလုပ်သမား ၇၄ ဦး ၊ ဗီယက်နမ်အလုပ်သမား ၁၄ ဦး၊ အခြားနိုင်ငံ သား ၆၄ ဦးတို့ကို အရေးယူဆောင်ရွက်ပြီးသွားပြီဖြစ်တယ်လို့သိရပါတယ်။ 


အလုပ်လုပ်ကိုင်ခွင့် ဝေါ့ပါမက်မရှိတဲ့အလုပ်သမားနဲ့ လုပ်ကိုင်ခွင့်မရှိတဲ့  အလုပ်အမျိုးအစား တွေ မှာ လုပ်ကိုင်တဲ့ အလုပ်သမားတွေကို  ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ ထိပေးဆောင်ရမှာ ဖြစ်ကာ နေရပ် ပြန်ပို့ခံရပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့် (၂)နှစ်ပိတ်ခံရမှာ ဖြစ်ပါတယ်။ 


အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့  အလုပ်သမားကိုလက်ခံတဲ့ အလုပ်ရှင်အနေနဲ့  အလုပ်သမားတဦးကို ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ထိ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ကာ  ထပ်မံကျူးလွန်မှု တွေ့ရှိပါက ထောင်ဒဏ်အများဆုံး ၁ နှစ် နှင့် ဘတ်ငွေ ၅၀,၀၀၀ မှ ၂၀၀,၀၀၀ ထိ ပေးဆောင်ရပြီးရွှေ့ပြောင်း အလုပ်သမားငှားရမ်းခွင့် ၃ နှစ် ပိတ်ခံရမှာ ဖြစ်တယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 


Related posts

Cover
ပြည်ပထွက်ရန် စာချုပ် ချုပ်ထားပြီးသည့် အသက် ၁၈မှ ၃၅ နှစ် အတွင်း အမျိုးသားများကို ပါ ပြည်ပထွက်ခွင့် မပေးဟုဆို
Apr 22, 2025
Cover
လိုင်စင်ရအေဂျင်စီ အချို့ တရားမဝင် လုပ်သားစေလွှတ်မှုများလာ
Apr 22, 2025
Cover
PJ Workers Must Apply for Departure Permission 5 Days in Advance Starting Today
Apr 20, 2025
Cover
အထောက်အထားမရှိဘဲ အလုပ်လုပ်တဲ့ မြန်မာ ၇ ဦး ဖမ်းဆီးခံရ
Apr 20, 2025
Cover
CI ရုံးတွေ  မကြာခင်ဖွင့်လှစ်တော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Apr 19, 2025
Cover
အွန်လိုင်းမှ ထိုင်းဘာသာစကားသင်ကြားပေးသော မြန်မာတစ်ဦးကို ထိုင်းရဲဖမ်းဆီး
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလုပ်သား ၃၀ ကျော် လုပ်အားခမရ လို့ အလုပ်ရှင်ကို တိုင်ကြား
Apr 12, 2025